​တေလာဆွစ်ဖ်​ဖျော်​ဖြေပွဲ ကျန်း​မာ​ရေး​​ကြောင့်​ ဖျက်သိမ်း​ရ

alt

​တေလာဆွစ်ဖ်၏ ​ဖျော်​ဖြေပွဲ အစီအစဥ် တစ်ခုအား​ သူမ၏ ကျန်း​မာ​ရေး​​ကြောင့်​ ဖျက်သိမ်း​ခဲ့​ရ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

အသက် ၂၁ နှစ်ရှိ အဆို​ တော်မ​လေး​သည် ကင်တက်ကီရှိ လူး​ဝစ်ဗီလီတွင် ဇူလိုင်လ ၂ ရက်​နေ့​က ​ဖျော်​ဖြေပွဲတစ်ခု ပြုလုပ်ရန် စီစဥ်ထား​ပြီး​ဖြစ်သည်။ သို့​​သော်လည်း​ သူမအ​နေနှင့်​ ဖျား​ နာ​နေခြင်း​​ကြောင့်​ ဆရာဝန်များ​က ​ဖျော်​ဖြေပွဲကို ဖျက်သိမ်း​ရန် ညွှန်ကြား​သွား​ခြင်း​ဖြစ်သည်။ ​ဖျော်​ဖြေပွဲကို ​အောက်တိုဘာ ၁၁ ရက်​နေ့​တွင် ​ပြောင်း​လဲကျင်း​ ပမည်ဖြစ်ပြီး​ ထိုပွဲကို လာမကြည့်​နိုင်သူများ​အား​ ​ငွေအပြည့်​ ပြန်အမ်း​​ပေး​သွား​မည်ဟုလည်း​ သိရသည်။

ဆွစ်ဖ်က ​ဖျော်​ဖြေပွဲကို ဖျက်သိမ်း​လိုက်ရခြင်း​အတွက် ပရိသတ်များ​အား​ အနူး​အညွတ် ​တောင်း​ပန်ပါ​ကြောင်း​ Twitterမှတဆင့်​ ​ပြောကြား​ခဲ့​သည်။ သူမသည် ယခင်က ​ဖျော်​ဖြေပွဲများ​ကိုဖျက်သိမ်း​ခဲ့​မှု လုံး​၀ မရှိခဲ့​​ပေ။ သို့​​သော်လည်း​ ကျန်း​မာ​ရေး​ အ​ခြေအ​နေအရ ယခုပွဲကို ​ရွှေ့​ဆိုင်း​ခဲ့​ရ​ကြောင်း​၊ ပရိသတ်များ​အတွက် အား​နာမိသလို ထိုအ​ခြေအ​နေကို မိမိကိုယ်တိုင်လည်း​ စိတ်ပျက်မိ​ကြောင်း​ ဆွစ်ဖ်က Twitterတွင် ​ရေး​သား​ခဲ့​သည်။

သူမသည် ဇူလိုင် ၂ ရက်​နေ့​ ​ဖျော်​ဖြေပွဲအတွက် အပြီး​သတ် စီစဥ်ထား​ပြီး​ ဖြစ်​သော်လည်း​ ပွဲမစမီ နာရီပိုင်း​အလိုတွင် ယခုကဲ့​သို့​ ပွဲဖျက်ခဲ့​ရခြင်း​ဖြစ်သည်။ ဆွစ်ဖ်က သူမ၏ ကျန်း​မာ​ရေး​ အတန်ငယ် ယိုယွင်း​​နေ​သော်လည်း​ မကြာမီ ပြန်လည် ​ကောင်း​မွန်လာရန် ​ မျှော်လင့်​​ကြောင်း​လည်း​ ပရိသတ်ထံ အသိ​ပေး​သွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here