Tablet အမျိုး​အစား​သစ် TouchPad ကို HP စတင်ထုတ်လုပ်

alt

HPကုမ္ပဏီက Tabletကွန်ပျူတာ အမျိုး​အစား​သစ် တစ်ခုကို စတင်ထုတ်လုပ်လိုက်ပြီဟု သိရသည်။

Apple၏ iPadများ​ကို ယှဥ်ပြိုင်နိုင်ရန် အ​မေရိကန် အ​ခြေစိုက် ကုမ္ပဏီကြီး​က TouchPadကို ရည်ရွယ်ထုတ်လုပ်ခဲ့​ခြင်း​ဖြစ်သည်။ ဇူလိုင်လ ၁ ရက်​နေ့​က စတင်​ရောင်း​ချ​သော TouchPadကို Best Buyနှင့်​ Walmartတို့​မှတဆင့်​ မှာယူနိုင်​ကြောင်း​ HPက သတင်း​ထုတ်ပြန်ခဲ့​သည်။

TouchPadကို အ​မေရိကန်တွင် စတင်​ရောင်း​ချပြီး​​နောက် မကြာမီတွင်ပင် ဗြိတိန်၊ အိုင်ယာလန်၊ ပြင်သစ်၊ ဂျာမနီနှင့်​ က​နေဒါတို့​တွင် တရား​ဝင် ​ရောင်း​ချရန် စီစဥ်ထား​သည်။ ယခုနှစ် နှစ်ကုန်ပိုင်း​တွင် အီတလီ၊ စပိန်၊ ဩစ​တြေး​လျ၊ ​ဟောင်​ကောင်၊ နယူး​ဇီလန်နှင့်​ စင်္ကာပူတို့​ကိုပါ ​ဈေး​ကွက်ချဲ့​ထွင်ရန် HPက စီစဥ်ထား​သည်။

iPadများ​နှင့်​ မတူညီသည်မှာ TouchPadသည် Adobe၏ Flashကိုအ​ထောက်အပံ့​ ​ပေါ်နိုင်ခြင်း​ ဖြစ်သည်။ Platformအဖြစ် Palm၏ WebOSကို အသုံး​ပြုထား​ပြီး​ Appleထုတ် iOSနှင့်​ ယှဥ်ပြိုင်နိုင်ရန် HPက ​မျှော်လင့်​​နေသည်။ HPသည် ပြီး​ခဲ့​သည့်​နှစ်ကမှ Palmကို ​ဒေါ်လာ ၁.၂ ဘီလျံဖြင့်​ ဝယ်ယူသိမ်း​ပိုက်ခဲ့​သည်။

TouchPad ထွက်​ပေါ်လာပြီး​​နောက် မှတ်ချက် အမျိုး​မျိုး​ အ​ကောင်း​အဆိုး​ ​ရော​ထွေး​ပြီး​ ရှိ​နေ​ သော်လည်း​ အများ​စုက iPadများ​ကို ယှဥ်ပြိုင်ရန် ခက်ခဲမည်ဟု သုံး​သပ်ခဲ့​​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here