ဩစ​တြေး​လျတွင် ​ဝေလငါး​နှင့်​ ထိခိုက်မိသဖြင့်​ ဆယ်​ကျော်သက်တစ်ဦး​ ဒဏ်ရာရ

alt

ဩစ​တြေး​လျတွင် ​ဝေလငါး​တစ်​ကောင်နှင့်​ ထိခိုက်မိရာမှ ဆယ်​ကျော်သက် လူငယ်တစ်ဦး​ ဒဏ်ရာရခဲ့​​ကြောင်း​ သိရသည်။

အသက် ၁၃ နှစ်ရှိ ဒရူး​ ​ဟောမှာ ယခုအခါ အသိမဲ့​ ​မေ့​​မြောသွား​ခဲ့​သည်။ ၎င်း​သည် နယူး​​ဆောက်​ဝေး​ ကမ်း​လွန်တွင် မိဘများ​နှင့်​အတူ ​လှေငယ်တစ်စင်း​ဖြင့်​ ငါး​မျှား​​နေရင်း​ ​ဝေလငါး​ တစ်​ကောင်နှင့်​ ထိပ်တိုက် ​တွေ့​ဆုံခဲ့​ခြင်း​ဖြစ်သည်။ ဇွန်လ ၂၆ ရက်​နေ့​က ဖြစ်စဥ်တွင် ​ကျောခုံး​ ​ဝေလငါး​ တစ်​ကောင်သည် ဒရူး​တို့​ မိသား​စုအား​ တင်​ဆောင်ထား​သည့်​ ၅.၂ မီတာ အရှည်ရှိ ​လှေ​လေး​အား​ အမြီး​ဖြင့်​ ရိုက်မိခဲ့​​ကြောင်း​ သိရသည်။

ဒရူး​၏ မိခင်ဖြစ်သူ ကာရန်​ဟောက ဝရုန်း​သုန်း​ကား​ ဖြစ်သွား​​သော အ​ခြေအ​နေအတွင်း​ သူမ၏သား​ လဲကျသွား​သည်ကို ​တွေ့​လိုက်ရပြီး​ ထိုစဥ်က ဒရူး​မှာ ​သေဆုံး​သွား​ပြီဟုပင် ထင်မှတ်ခဲ့​​ကြောင်း​ ​ပြောဆိုသွား​သည်။

သနား​စရာ လူငယ်​လေး​သည် ​လှေနံရံနှင့်​ ရိုက်မိရာမှ လည်ဆစ်ရိုး​တစ်ခု ကျိုး​သွား​ပြီး​ အသိမဲ့​ ​မေ့​​မြောသွား​ခဲ့​သည်။ ဒရူး​ကို နယူး​​ဆောက်​ဝေး​ရှိ ​ဆေး​ရုံတစ်ခုသို့​ တင်ပို့​​ပေး​ခဲ့​ပြီး​ ​နောက်တစ်ရက်တွင် ​ဆေး​ရုံက ၎င်း​အား​ ပြန်ဆင်း​ခွင့်​ ​ပေး​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here