The Wolverine ဇာတ်ကား​ စတင်ရိုက်ကူး​မည်

alt

The Wolverine ဇာတ်ကား​ကို လာမည့်​ ​အောက်တိုဘာလအတွင်း​ စတင်ရိုက်ကူး​မည်ဟု ဟုဂျ်ဂျက်မန်း​က အတည်ပြု ​ပြောကြား​လိုက်သည်။

ထိုဇာတ်ကား​တွင် ၎င်း​အ​နေနှင့်​ X-Men ဇာတ်ကား​များ​အတွင်း​ ပါဝင်သရုပ်​ဆောင်ဖူး​သည့်​ Wolverine ဇာတ်ရုပ်ဖြင့်​ ၀င်​ရောက် သရုပ်​ဆောင်မည်ဖြစ်​ကြောင်း​ ဂျက်မန်း​က ​ပြောဆိုခဲ့​​သော်လည်း​ ဒါရိုက်တာအဖြစ် တာဝန်ယူမည့်​ သူကိုမူ ထုတ်​ဖော်မသွား​​ချေ။

ရိုက်ကွင်း​စတင်မှုအတွက် ​အောက်တိုဘာလကို ​ရွေး​ချယ်ထား​ပြီး​ တစ်နှစ်မျှ အချိန်ယူ ရိုက်ကူး​ရဖွယ်ရှိ​နေ​ကြောင်း​ ဂျက်မန်း​ကဆိုသည်။ ဂျက်မန်း​သည် ​နောက်ဆုံး​ရုံတင်သည့်​ X-Menဇာတ်ကား​ The First Classတွင် ပါ၀င်ခဲ့​ခြင်း​ မရှိ​ချေ။

ယခုဇာတ်ကား​သစ်အတွက် မူလက Black Swan ဒါရိုက်တာ ဒါရန် ​အေရွန်​နော့​ဖ်စကီး​ကို ငှား​ရမ်း​ထား​​သော်လည်း​ အ​ကြောင်း​အမျိုး​မျိုး​​ကြောင့်​ ပျက်ပြယ်ခဲ့​ရသည်။ ဂျက်မန်း​က ၎င်း​သည် Wolverineဇာတ်ရုပ်တွင် အပီပြင်ဆုံး​ သရုပ်​ဆောင်နိုင်ရန် ယခုကတည်း​က အား​ကစား​ရုံတွင် ကြွက်သား​များ​ ​တောင့်​တင်း​ကြီး​မား​​အောင် ခွန်အား​စိုက် ​လေ့​ကျင့်​ကစား​​နေရ​ကြောင်း​ ​ပြောဆိုခဲ့​သည်။

လက်မှ သံစူး​ချွန်များ​ ထွက်​ပေါ်လာသည့်​ သိပ္ပံလူစွမ်း​​ကောင်း​ Wolverineအဖြစ် သရုပ်​ဆောင်ရတိုင်း​လည်း​ မိမိအ​နေနှင့်​ ​ကျေနပ်နှစ်သိမ့်​မိသည်ဟု ဂျက်မန်း​က ဝန်ခံသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here