လာဘ်စား​မှုများ​​ကြောင့်​ ပါတီအား​ ပြည်သူလူထု ​ထောက်ခံမှုကျဆင်း​နိုင်​ကြောင်း​ တရုတ်သမ္မတ​ပြောကြား​

alt

တရုတ်သမ္မတ ဟူကျင်​တောင်က လာဘ်စား​မှုများ​သည် မိမိတို့​ နိုင်ငံ​ရေး​ပါတီအ​ပေါ် ပြည်သူလူထု၏ ယုံကြည်ကိုး​စား​မှုနှင့်​ ​ထောက်ခံမှု ကျဆင်း​သွား​​စေနိုင်​ကြောင်း​ ပါတီထိပ်သီး​ ပုဂ္ဂိုလ်များ​ကို သတိ​ပေး​ ​ပြောကြား​လိုက်သည်။

ဘေဂျင်း​မြို့​​တော်ရှိ အာဏာရ ကွန်မြူနစ်ပါတီ နှစ် ၉၀ ပြည့်​ အခမ်း​အနား​ ကျင်း​ပရာ ခန်း​မ​ဆောင်တွင် ဟူက ယခုလို ​ပြောဆိုခဲ့​ခြင်း​ဖြစ်သည်။ တရုတ်ကွန်မြူနစ် ပါတီသည် လွန်ခဲ့​​သော နှစ်​ပေါင်း​ ၉၀ ကတည်း​က တည်​ထောင်ခဲ့​ပြီး​ ၁၉၄၉ ခုနှစ်တွင် အာဏာရပါတီ ဖြစ်လာသည်။ လက်ရှိတွင် ယင်း​ပါတီသည် ကမ္ဘာ​ပေါ်တွင် အင်အား​အကြီး​ဆုံး​ နိုင်ငံ​ရေး​ပါတီအဖြစ် ရပ်တည်​နေပြီး​ အဖွဲ့​၀င်အင်အား​ သန်း​ ၈၀ ​ကျော်ရှိ​ကြောင်း​ သိရှိရသည်။

ပါတီ အစည်း​အ​ဝေး​တွင် ဟူက မိနစ် ၉၀ ကြာ ရုပ်မြင်သံကြား​ မိန့်​ခွန်း​ကို ​ပြောကြား​ခဲ့​ရာ ပါတီ​ခေါင်း​​ဆောင်များ​အ​နေနှင့်​ ကျင့်​ဝတ်ပိုင်း​ ထိန်း​သိမ်း​ကြရန် တိုက်တွန်း​ခဲ့​သည်။ ကွန်မြူနစ်ပါတီ၏ ဂုဏ်သိက္ခာနှင့်​ ရပ်တည်မှုအတွက် ထိန်း​သိမ်း​ကြရန်လည်း​ ဟူက တိုက်တွန်း​ခဲ့​သည်။

မိမိတို့​သည် နာကျင်မှုများ​ကြား​မှ ရုန်း​ကန်ရပ်တည်ခဲ့​ရ​ကြောင်း​၊ လက်ရှိအချိန်တွင် ပါတီ၏ ခိုင်မာ​သော အုတ်မြစ်ကို ချနိုင်ခဲ့​ပြီ ဖြစ်သည့်​တိုင် လာဘ်စား​မှုများ​​ကြောင့်​ ပြည်သူလူထု၏ ယုံကြည်မှုကို အချိန်မ​ရွေး​ ဆုံး​ရှုံး​သွား​နိုင်​ကြောင်း​လည်း​ သမ္မတက ​ပြောကြား​ခဲ့​သည်။ တရုတ်နိုင်ငံသည် ကွန်မြူနစ် ပါတီကို ၁၉၂၁ ခုနှစ် စတင်တည်​ထောင်ခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here