​​တောင်ပြိုမည့်​​​နေ့​​

သရုပ်​​ဖေါ်ပုံ © ​ဇောင်း​

မီး​​​လောင်မူတစ်ခုဖြစ်ပွား​​ရန် အ​​ခြေခံအ​​ကြောင်း​​သုံး​​ရပ်လို၏ ​​လောင်စာ၊​ ​​အောက်ဆီဂျင်နှင့်​​ မီး​​စတို့​​ဖြစ်၏။ အဆိုပါအ​​ကြောင်း​​သုံး​​ရပ်

တစ်ပြိုင်နက် ဆုံ​​တွေ့​​လိုက်ပါက ဝုန်း​​ခနဲမီး​​ထ​​တောက်​​ပေလိမ့်​​မည်။

မည်သည့်​​ အာဏာရှင်စနစ်​​အောက်တွင်မဆို နိုင်ငံ​​ရေး​​အ​​ပြောင်း​​အလဲတစ်ခုဖြစ်ရန်မှာလဲ အ​​ခြေခံအ​​ကြောင်း​​သုံး​​ရပ်လို၏။ ၎င်း​တို့​​မှာ (တစ်) ​​လောင်စာနှင့်​​တူ​​သော အဖိနှိပ်ခံပြည်သူ (နှစ်) ​​အောက်ဆီဂျင်နှင့်​​တူ​​သော မတရား​​မှုကို ​​တော်လှန်လိုစိတ်၊​ ဒီမိုက​​ရေစီနှင့်​​ လူ့​​အခွင့်​​အ​​ရေး​​ကို ရယူလိုသည့်​​ဆန္ဒစိတ်များ​​ (သုံး​​) မီး​​စနှင့်​​တူသည့်​​ ဖိနှိပ်မှုကို အ​​ခြေခံ​​သော၊​ လုထု၏ သီး​​ခံနိုင်စွမ်း​​ကို ကုန်ဆုံး​​​စေသည့်​​ တရား​​မဲ့​​​သော အဖြစ်ပျက်တစ်ခု စသည်တို့​​ဖြစ်ကြ၏။ အထက်ပါအ​​ကြောင်း​​သုံး​​ပါး​​ပြည့်​​စုံခဲ့​​​သော် မီး​​​လောင်မှုတည်း​​ဟူ​​သော လူထုအုံကြွမှုကြီး​​ ဝုန်း​​ကနဲ ထ​​တောက်၍ ​​ပြောင်း​​လဲခြင်း​​တရား​​များ​​ ဖြစ်​​ပေါ်လာ​​ပေလိမ့်​​မည်။

မြန်မာပြည်၏ လက်ရှိနိုင်ငံ​​ရေး​​အ​​ခြေအ​​နေမှာ ယင်း​​အ​​ကြောင်း​​သုံး​​ပါး​​တို့​​ အချိန်မ​​ရွေး​​​ပေါင်း​​စုံနိုင်သည်ဟု ဆိုလျှင်မှား​​မည်မထင်ပါ။ တနည်း​​အား​​ဖြင့်​​ဆိုလျှင် စစ်အာဏာရှင်နှင့်​​ ၎င်း​တို့​​၏ ကပ်ပါး​​​မျောက်များ​​၊​ လက်​​ဝေခံစီး​​ပွား​​​ရေး​​သမား​​တို့​​သည် သူတို့​​၏ အာဏာနှင့်​​ စည်း​​စိမ်တို့​​ကို ယမ်း​​ပုံကြီး​​​ပေါ်တွင် တည်​​ဆောက်ထား​​သည်ဟု ​​ပြောရ​​ပေလိမ့်​​မည်။ ဤယမ်း​​ပုံကြီး​​ကား​​ အချိန်ခါမ​​ရွေး​​ အရှိန်ပြင်း​​စွာ ထ​​ပေါက်ရန် အခွင့်​​လမ်း​​ လွန်စွာကြီး​​လျှက် ရှိ​​နေသည်ကို စစ်အာဏာရှင်တို့​​ သတိချပ်ကြ​​စေလို၏။ ဖိလွန်း​​လျှင်ကြွတတ်သည့်​​ ဓမ္မတာသ​​ဘောရှိ၏။ သိပ္ပံသ​​ဘောအရလည်း​​ ဖိအား​​ (pressure) တက်ပါလျှင် အပူချိန် (Tempi)လည်း​​တက်​​ပေလိမ့်​​မည်။ ဖိလွန်း​​ ပူလွန်း​​လျှင် ပွင့်​​ကနဲ​​ပေါက်ထွက်မှာ မုချဧကန်ဖြစ်၏။

နိုင်ငံတကာ၏ ပံ့​​ပိုး​​ကူညီမှုများ​​ ​​ထောက်ခံမှုများ​​နှင့်​​ ပြည်ပ​​ရောက် နိုင်ငံ​​ရေး​​အင်အား​​စုတို့​​ကို ​​ဘေး​​ဖယ်ထား​​သည့်​​တိုင် ဗမာပြည်အတွင်း​​ထဲ၌ ထူး​​ကဲစွာ ဖြစ်တည်ဖွံ့​​ဖြိုး​​လာသည့်​​ ​​အောက်ပါနိုင်ငံ​​ရေး​​အခင်း​​အကျင်း​​များ​​နှင့်​​ပင် တိုင်း​​ပြည်အတွက် သမိုင်း​​စာမျက်နှာ အသစ်ဖွင့်​​လှစ်ရန် လုံ​​လောက်လုနီး​​​ပေပြီ။

  • (၁) ပြည်သူလူထုကြီး​​၏ နိုင်ငံ​​ရေး​​အသိနှင့်​​ မတရား​​မှု့​​ကို ဆန့်​​ကျင်ရဲ​​သော သတ္တိခွန်အား​​တို့​​ သိသာစွာထွန်း​​ကား​​လာခြင်း​​။
  • (၂) ​​ဒေါ်​​အောင်ဆန်း​​စုကြည့်​​နှင့်​​ NLD၏ ဦး​​​ဆောင်မှု့​​​အောက်တွင် ပြည်တွင်း​​နိုင်ငံ​​ရေး​​ အင်အား​​စုတို့​​၏ ပြတ်သား​​​သော နိုင်ငံ​​ရေး​​ ရပ်တည်ချက်ဖြစ်သည့်​​ အမျိုး​​သား​​ရင်ကြား​​​စေ့​​​ရေး​​ကို စစ်အာဏာရှင်တို့​​၏ ပြင်း​​ထန်​​သော နှိပ်ကွပ်မှု့​​များ​​​အောက်တွင်ပင် အကြမ်း​​မဖက်၊​ ငြိမ်း​​ချမ်း​​စွာ တစိုက်မတ်မတ် ဦး​​တည်​​ဆောင်ရွက်လာခြင်း​​။
  • (၃) ထူး​​ခြား​​​သော ဖွဲ့​​စည်း​​မှု့​​ပုံသဏ္ဍာန်အသစ်များ​​ဖြင့်​​ ​​ကျောင်း​​သား​​ကွန်ယက်၊​ လူငယ်ကွန်ယက်၊​ အလုပ်သမား​​ကွန်ယက်၊​ လယ်သမား​​ကွန်ယက်၊​ လူမှု့​​​ရေး​​ကွန်ယက်၊​ လူ့​​အခွင့်​​​ရေး​​မြှင့်​​တင် ကာကွယ်မှု့​​ကွန်ယက်၊​ အစရှိသည့်​​ လူထုလူတန်း​​စား​​ အလွှာစုံမှ ကွန်ယက်များ​​ချိတ်ဆက်​​ပေါ်ထွက်လာခြင်း​​။
  • (၄) မဟာမိတ်တပ်​​ပေါင်း​​စုကြီး​​ တစ်ခုအဖြစ် တိုင်း​​ရင်း​​သား​​လက်နက်ကိုင် အဖွဲ့​​စည်း​​များ​​ စုစည်း​​လာနိုင်ခဲ့​​ခြင်း​​။
  • (၅) မှား​​ယွင်း​​​သော အုပ်ချုပ်မှု့​​စနစ်​​အောက်တွင် အ​​ထွေ​​ထွေကျပ်တည်း​​မှု့​​နှင့်​​ ဆင်း​​ရဲမွဲ​​တေမူ့​​ဒဏ်ကို တပ်မ​​တော်သား​​များ​​ အပါအဝင် တစ်နိုင်ငံလုံး​​ အတိုင်း​​အတာဖြင့်​​ သိသာကျယ်ပြန့်​​စွာ ခံစား​​လာရခြင်း​​။

အထက်ပါအ​​ခြေအ​​နေတို့​​ကား​​ ​​ပေါက်ကွဲအား​​ကြီး​​မား​​သည့်​​ စွမ်း​​အား​​များ​​ ​​ပျော်ဝင်​​နေသည့်​​ ​​လောင်စာများ​​ပင်ဖြစ်​​တော့​​၏။

​​ပြောင်း​​လဲခြင်း​​တရား​​ ​​ကျောက်​​တောင်ကြီး​​ကား​​ ပြိုကျလာ​​ပေ​​တော့​​မည်။ စစ်အာဏာရှင်တို့​​သည် ​​ပြောင်း​​လဲမှုမဖြစ်ရန် ​​ကျောက်​​တောင်ကြီး​​မပြိုရန် နည်း​​လမ်း​​မျိုး​​စုံသုံး​​၍ အစွမ်း​​ရှိသမျှ ကာကွယ်​​နေကြသည်ကို မြင်​​နေရ​​ပေ၏။ စာ​​ရေး​​သူအမြင်တွင် စစ်အာဏာရှင်တို့​​ကို ပြိုကျလာမည့်​​ ​​ကျောက်​​တောင်ကြီး​​ကို လက်ဖြင့်​​ဖယ် ကာရန်ကြိုး​​စား​​​နေသည့်​​ မိုက်မဲရူး​​သွပ်​​သော လူ့​​အန္ဓများ​​အဖြစ်သာ မြင်မိ​​တော့​​၏။ ​​တောင်ပိ၍ အသက်ထွက်ရန်သာ အ​​ကြောင်း​​ရှိ​​တော့​​၏။

စစ်အာဏာရှင်တို့​​ ​​လေး​​နက်စွာ စဉ်း​​စား​​​ရွေး​​ချယ်ရမည့်​​အချိန် ​​ရောက်လို့​​လာခဲ့​​ပြီ။ "သမီး​​​တော်အား​​ နှင်း​​မည်​​လော၊​ စစ်ကိုသာ ခင်း​​မည်​​လော"ဟူ၍ ဖြစ်၏။ ​​တောင်ပြိုရာလမ်း​​မှဖယ်၍ အသက်​​ဘေး​​လွတ်ရာ ဆင်း​​မည်​​လော (သို့​​) ​​တောင်ပိ၍ အ​​သေခံမည်​​လောဟူသည့်​​ လမ်း​​နှစ်လမ်း​​သာကျန်​​တော့​​၏။

ပထမလမ်း​​ကို ​​ရွေး​​မည်ဆိုပါက ​​နောက်မကျ​​သေး​​ဘူး​​ဟုဆိုခြင်ပါ၏။ အမျိုး​​သား​​ရင်ကြား​​​စေ့​​​ရေး​​လမ်း​​​ပေါ် ရိုး​​သား​​စွာတက်၍ စား​​ပွဲဝိုင်း​​တွင်ဝင်ထိုင်ပြီး​​ နိုင်ငံသား​​အချင်း​​ချင်း​​ အပြန်အလှန်နား​​လှည်ခွင့်​​လွှတ်မှုများ​​ဖြင့်​​ အများ​​အကျိုး​​​ဖော်​​ဆောင်နိုင်သည့်​​ ဒီမိုက​​ရေစီ နိုင်ငံသစ်ဆီ​​လျှောက်လှမ်း​​နိုင်ခဲ့​​​သော် အထိခိုက်၊​ အဆုံး​​အရှံုး​​ နည်း​​နည်း​​ဖြင့်​​ လိုရာပန်း​​တိုင်သို့​​ အား​​လုံး​​​ရောက်နိုင်ကြ​​ပေမည်။ စစ်အစိုး​​ရအ​​နေဖြင့်​​ သတိကြီး​​စွာ ချင့်​​ချိန်စဉ်း​​စား​​ပြီး​​ ပြတ်သား​​စွာ ​​ရွေး​​ချယ်ကြရ​​ပေလိမ့်​​မည်။ ​​နောက်ဆုံး​​ခရာ မှုတ်​​နေ​​ပေပြီ။ ရထား​​ကြီး​​ထွက်​​တော့​​မည်။ မကြာမှီ ​​တောင်ပြို​​ပေ​​တော့​​မည်။

မင်း​​​ကောင်း​​ချစ်

၂၁ရက်၊​ ဇွန်လ၊​ ၂၀၁၁ခုနှစ်

LEAVE A REPLY

Please enter your comment!
Please enter your name here