တရုတ်နိုင်ငံမှ ​ရေခဲပြင်အလှ စကိတ်စီး​သည့်​ ချစ်သူနှစ်ဦး​၏ ကြည်နူး​ဖွယ်အဖြစ်

alt

တရုတ်နိုင်ငံမှ ​ရေခဲပြင် အလှပြ စကိတ်စီး​သူ တစ်ဦး​သည် ၎င်း၏ ​ဖျော်​ဖြေတင်ဆက်မှု အပြီး​တွင် တွဲဖက် စကိတ်စီး​သူ မိန်း​က​လေး​အား​ လက်ထပ်ခွင့်​ ပန်ကြား​ခဲ့​ကြောင်း​ သိရသည်။

ဇွန်လ ၁၉ ရက်​နေ့​က တရုတ်စကိတ်မယ် ပန်ကွင်း​အတွက် အံ့​အား​သင့်​ ​ပျော်ရွှင်စရာ အ​ကောင်း​ဆုံး​ ကာလ​လေး​ တစ်ခုကို ပိုင်ဆိုင်ခဲ့​ရသည်။ Art of Ice စကိတ် ​ဖျော်​ဖြေမှု အပြီး​တွင် ပန်အား​ သူမ၏ ချစ်သူလည်း​ဖြစ်​သော စကိတ်စီး​ဖော် တန်ဂျီအန်း​က ပရိသတ်များ​ ​ရှေ့​တွင်ပင် လက်စွပ်​လေး​တစ်ကွင်း​နှင့်​ ပန်း​စည်း​တို့​ကို ​ပေး​အပ်ကာ လက်ထပ်ခွင့်​ ​တောင်း​ပန်ခဲ့​သည်။

ရှန်ဟိုင်း​ရှာ မာစီဒီး​စ်ဘန့်​ဇ် အား​ကစား​ကွင်း​ကြီး​အတွင်း​မှ စုံတွဲစကိတ်အလှစီး​ တင်ဆက်မှုကို တရုတ်နိုင်ငံမှ လူသန်း​ပေါင်း​များ​စွာ ရုပ်မြင်သံကြား​မှ ​စောင့်​ကြည့်​နေစဉ် တန်က ပန်အား​ ယခုလို ပန်ကြား​ခဲ့​ခြင်း​ဖြစ်သည်။ တန်၏ Romanticဆန်လှ​သော လက်ထပ်ခွင့်​ ​တောင်း​ဆိုမှုကို လူတိုင်း​က နှစ်သက်ကြည်နူး​စွာ ဂုဏ်ပြု​ပေး​ခဲ့​ကြသည်။

သူမအ​နေနှင့်​ ​ဖျော်​ဖြေတင်ဆက်မှု အပြီး​တွင် ပန်း​စည်း​နှင့်​ လက်စွပ်ကို ရရှိမည် မဟုတ်ဟု ပန်က ဝန်ခံခဲ့​သည်။ သူမတို့​ နှစ်ဦး​လုံး​ အသက် ၃၁ နှစ်စီ ရှိ​နေပြီဖြစ်ပြီး​ ပြီး​ခဲ့​သည့်​နှစ် ဗန်ကူး​ဗား​ အိုလံပစ် ပွဲ​တော်ကတည်း​က ချစ်သူများ​ ဖြစ်ခဲ့​ကြသည်။ ကမ္ဘာ့​ချန်ပီယံ နှစ်ကြိမ် ဖြစ်ခဲ့​ဖူး​သော စုံတွဲအနက် တန်က ၎င်းသည် အိုလံပစ် ချန်ပီယံ ​ရွှေတံဆိပ် ရရှိရန် အိပ်မက်မက်ခဲ့​ကြောင်း​၊​ ထိုအိပ်မက် အမှန်တကယ် ဖြစ်လာပြီး​နောက် ယခုလက်ရှိ ၎င်း၏ အ​လေး​အထား​ဆုံး​ အိပ်မက်မှာ ပန်ကို ပိုင်ဆိုင်ခွင့်​ ရ​ရေး​သာဖြစ်​ကြောင်း​ ပရိသတ်များ​ကို တိုင်တည်​ပြောဆိုခဲ့​သည်။

၎င်း၏စကား​ကြောင့်​ ၁၈ နှစ်လုံး​လုံး​ လက်တွဲပြီး​ ပြိုင်ပွဲဝင်ခဲ့​သည့်​ ပန်မှာ ကြည်နူး​စွာ မျက်ရည်များ​ ကျခဲ့​ရသည်။ စကိတ်သမား​များ​ ယခုလို လက်ထပ်ခွင့်​ ​တောင်း​ဆိုခြင်း​သည် ယခုတစ်ကြိမ် ပထမဆုံး​ မဟုတ်​ပေ။ ၂၀၀၇ ခုနှစ်က ဂျပန်နိုင်ငံ၊​ တိုကျိုမြို့​တွင် ကမ္ဘာ့​ချန်ပီယံ ပြိုင်ပွဲကို ကျင်း​ပခဲ့​ရာ စကိတ်သမား​ ဇိုဟွန်ဘိုက ယင်း​တို့​စုံတွဲ၏ တတိယ​မြောက် ကမ္ဘာ့​ချန်ပီယံဘွဲ့​ကို ပိုင်ဆိုင်နိုင်ပြီး​သည်နှင့်​ လက်တွဲ​ဖော် စကိတ်မယ် ရှန်ဇူး​အား​ ဒူး​ထောက်ပြီး​ လက်ထပ်ခွင့်​ ​တောင်း​ခံခဲ့​ဖူး​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here