​ပျောက်ဆုံး​​နေသည့်​ လူသား​မျိုး​နွယ်စုတစ်ခုအား​ အ​မေဇုန်​တောကြီး​အတွင်း​ ​တွေ့​ရှိရ

alt

အ​မေဇုန် သစ်​တောကြီး​အတွင်း​ မှီခို​နေထိုင်​သော ​ပျောက်ဆုံး​​နေသည့်​ လူသား​ မျိုး​နွယ်စု တစ်ခုအား​ ရှာ​ဖွေ ​တွေ့​ရှိခဲ့​​ကြောင်း​ သိရသည်။

ဘရာဇီး​လ်တွင် ​ဖော်ထုတ်နိုင်ခဲ့​​သော မျိုး​နွယ်များ​သည် ကာလရှည်ကြာစွာ ပြင်ပ ကမ္ဘာနှင့်​ အဆက်ပြတ်​နေ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ အမျိုး​သား​ အင်ဒီး​ယန်း​ ​ဖောင်​ဒေး​ရှင်း​က ဘရာဇီး​လ် ​အေဂျင်စီ တစ်ခု၏ အကူအညီဖြင့်​ သမိုင်း​တွင် ​ပျောက်ဆုံး​​နေ​သော မျိုး​နွယ်စု တစ်ခုကို ​ဖော်ထုတ်နိုင်ခဲ့​ပြီဟု ​ကြေညာခဲ့​သည်။

​ဖောင်​ဒေး​ရှင်း​က ယခုမျိုး​နွယ်စုသည် စုစု​ပေါင်း​ ၆၈ ဦး​မျှသာ ကျန်ရှိ​တော့​​ကြောင်း​ ခန့်​မှန်း​ခဲ့​သည်။ သို့​​သော်လည်း​ ဦး​​ရေ ၂၀၀ မျှထိ ကွဲပြား​​နေထိုင်လျက် ရှိ​နေမည်ဟုလည်း​ ပညာရှင်များ​က ​မျှော်လင့်​​နေသည်။

 ၎င်း​တို့​သည် ​ကောက်ရိုး​များ​ မိုး​ထား​သည့်​ တဲ​လေး​များ​တွင် ​နေထိုင်ကာ ​ပြောင်း​၊ ငှက်​ပျော၊ ​မြေပဲနှင့်​ အခြား​ ​ကောက်ပဲသီး​နှံများ​ကို စိုက်ပျိုး​စား​​သောက် ​နေထိုင်လျက်ရှိသည်။ ​ဖောင်​ဒေး​ရှင်း​၏ ​လေ့​လာသူ တစ်ဦး​ဖြစ်​သော ဖာဘ​ရေရှို အမိုရင်က ယခု​တွေ့​ရှိမှုသည် ကမ္ဘာကြီး​နှင့်​ အဆက်ပြတ်​နေသည့်​ မျိုး​နွယ်စုများ​အနက် အကြီး​မား​ဆုံး​ အ​ရေအတွက် ဖြစ်လာနိုင်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

သို့​​သော် ထိုမျိုး​နွယ်စု၏ အစဥ်အလာ ယဥ်​ကျေး​မှုများ​သည် တရား​မဝင် ငါး​ဖမ်း​မှု၊ အမဲလိုက်မှု၊ သစ်ခုတ်မှု၊ သတ္တု တူး​​ဖော်မှုများ​​ကြောင့်​ ပျက်စီး​သွား​​စေနိုင်​ကြောင်း​လည်း​ ၎င်း​က သုံး​သပ် ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here