အမေရိကန်အမျိုး​သမီး​က ရဲတပ်ဖွဲ့​ဝင်များ​ကို နို့​ရည်ဖြင့်​ပမ်း​ဟုဆို

alt

ရဲသား​များ​ကို သူမ၏ နို့​ရည်နှင့်​ ပမ်း​ခဲ့​သည်ဟု အမေရိကန် အမျိုး​သမီး​တစ်ဦး​ စွပ်စွဲမှု ခံထား​ရကြောင်း​ သိရသည်။

အသက် ၃၀ အရွယ် စတက်ဖနီ ရိုဘင်နက်တီသည် ယခုအခါ တာဝန်အရ စစ်ဆေး​ခြင်း​ကို တွန်း​လှန်မှု၊ အကြမ်း​ဖက်မှုစသည့်​ စွဲချက်များ​နှင့်​ တရား​ရုံး​တင် ခံရဖွယ် ရှိနေသည်။ ဒီလာဝဲ ခရိုင်မှ ရဲအရာရှိများ​သည် စတက်ဖနီ၏ ခင်ပွန်း​ဖြစ်သူက ပန်ကြား​မှုကြောင့်​ အဆိုပါအမျိုး​သမီး​ထံ သွား​ရောက်ခဲ့​ခြင်း​ဖြစ်သည်။

စတက်ဖနီ၏ ခင်ပွန်း​ဖြစ်သူက ၎င်း​၏ ဇနီး​သည် မင်္ဂလာဆောင် တစ်ခုတွင် အရက်များ​သောက်ကာ မူး​ရူး​ပြီး​ မိမိအား​ ရန်ပြုကြောင်း​၊ ထို့​အပြင် ယခုအခါ ကား​ထဲတွင် သူမကိုယ်ကိုယ် ပိတ်ထား​ကြောင်း​ ရဲများ​ထံ အကြောင်း​ကြား​ခဲ့​သည်။

ရဲများ​သည် ထိုကား​အနီး​ ချဥ်း​ကပ်သွား​ပြီး​ စည်း​ရုံး​ပြောဆိုခဲ့​သော်လည်း​ စတက်ဖနီက သံသေး​သံကြောင် အော်ဟစ်ခဲ့​ကြောင်း​ ရဲတပ်ဖွဲ့​ တာဝန်ရှိသူ ဝေါ်တာဒေး​ဗီး​က ပြောကြား​ခဲ့​သည်။ ထို့​နောက် ရဲများ​က သူမအား​ ကား​ထဲမှ ဖယ်ထုတ်ရန် ကြိုး​ပမ်း​ရာ စတက်ဖနီက သူမသည် နို့​တိုက်မိခင် တစ်ဦး​ ဖြစ်နေသဖြင့်​ သူမ၏ ညာဖက်ရင်သား​ကို ထိခိုက်မှုမရှိအောင် ဖယ်ရှား​လိုကြောင်း​ ခွင့်​တောင်း​ခဲ့​သည်။

ရဲများ​က သူမအား​ ချုပ်ကိုင်ထား​မှုမှ ခေတ္တ လွှတ်ပေး​လိုက်ချိန်တွင် စတက်ဖနီက ယခုလို နို့​ရည်ဖြင့်​ ပမ်း​ခဲ့​ခြင်း​ဖြစ်သည်။ ထို့​ကြောင့်​ သူမအား​ ကား​ထဲမှ အတင်း​ဆွဲထုတ်ပြီး​နောက် ဖမ်း​ဆီး​ထား​လိုက်ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here