မြန်မာပြည်ဝင်ခွင့်​ ပိတ်ခံထား​ရခြင်း​အား​ မစ်ချယ်ယိုက မည်သို့​မျှ မှတ်ချက်မပေး​လိုဟုဆို

alt

မြန်မာနိုင်ငံသို့​ ပြည်ဝင်ခွင့်​ ပိတ်ပင်ခြင်း​ ခံရမှုအတွက် မည်သည့်​မှတ်ချက်မျှ မပေး​လိုကြောင်း​ ဟောလီး​ဝုဒ် မင်း​သမီး​ မစ်ချယ်ယိုက ပြောကြား​လိုက်သည်။

သူမသည် ရန်ကုန်လေဆိပ်သို့​ ဇွန်လ ၂၂ ရက်နေ့​က ရောက်ရှိခဲ့​သော်လည်း​ မြန်မာအစိုး​ရက ပြည်ဝင်ခွင့်​ပေး​ရန် ငြင်း​ဆန်ခဲ့​သည့်​အတွက် ပြန်လည် ထွက်ခွာသွား​ရကြောင်း​ မြန်မာအစိုး​ရက ကြေညာခဲ့​သည်။

ထို့​အပြင် မလေး​ရှား​ဖွား​ တရုတ် မင်း​သမီး​ကို နာမည်ပျက် (Blacklist)စာရင်း​ သွင်း​ထား​ကြောင်း​ မြန်မာဖက်မှ ပြောကြား​ခဲ့​သည်။ မစ်ချယ်သည် မြန်မာ့​ ဒီမိုကရေစီ ခေါင်း​ဆောင် ဒေါ်အောင်ဆန်း​စုကြည်၏ ဇာတ်ရုပ်နေရာမှ သရုပ်ဆောင်ကာ The Lady ဇာတ်ကား​ကို ရိုက်ကူး​ထား​ခဲ့​သည်။ သူမသည် လွန်ခဲ့​သော ၄ လက မြန်မာနိုင်ငံသို့​ လာရောက်ပြီး​ ဒေါ်အောင်ဆန်း​စုကြည်နှင့်​ တွေ့​ဆုံခဲ့​သေး​သည်။ ယခုတစ်ကြိမ် မြန်မာနိုင်ငံ လာရောက်ချိန်တွင် ပြည်ဝင်ခွင့်​ ပိတ်ပင်ခံရခြင်း​သည် အံ့​ဩစရာ အခြေအနေတစ်ရပ် ဖြစ်လာခဲ့​သည်။

သူမသည် ဒေါ်အောင်ဆန်း​စုကြည်၏ ဘဝကို ဖော်ကျူး​သည့်​ အထုပ္ပတ္တိ ဇာတ်ကား​ကို ထိုင်း​နိုင်ငံ၊ ပြင်သစ်၊ ဗြိတိန်နှင့်​ မြန်မာနိုင်ငံများ​တွင် လှည့်​လည်ရိုက်ကူး​ခဲ့​ပြီး​ အောက်တိုဘာလတွင် နိုင်ငံတကာသို့​ ဖြန့်​ဖြူး​ရန် စီစဥ်ထား​သည်။ မစ်ချယ်က သူမအနေနှင့်​ ထိုဇာတ်ကား​ကို ရိုက်ကူး​ရန် ဆုံး​ဖြတ်ခဲ့​ရခြင်း​သည် မြန်မာစစ်အစိုး​ရ လက်ထက်က နေအိမ်အကျယ်ချုပ်တွင် ကာလရှည်ကြာစွာ အကျဥ်း​ကျခံနေရသည့်​ နိုဘယ်လ်ငြိမ်း​ချမ်း​ရေး​ဆုရှင် နိုင်ငံရေး​ ခေါင်း​ဆောင်အပေါ် ကမ္ဘာ့​နိုင်ငံ အသီး​သီး​က ပိုမိုအာရုံစိုက်လာစေရန် ရည်ရွယ်ချက်ကြောင့်​ဟု ပြောဆိုခဲ့​သည်။

မစ်ချယ်၏ မြန်မာပြည်ဝင်ခွင့်​ ပိတ်ပင်ခံရမှုနှင့်​ ပတ်သက်ပြီး​ သတင်း​ဌာနများ​က ဆက်သွယ်မေး​မြန်း​ခဲ့​ရာ သူမ၏ ကိုယ်စား​လှယ် ကစ်ဝေါင်က လက်တလောတွင် မိမိတို့​အတွက် မှတ်ချက်ပေး​ရန် မရှိသေး​ဟု ပန်ကြား​သွား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here