Play Boy အယ်ဒီတာချုပ် ဟုဂျ်ဟက်ဖနာ အတွဲသစ်ရနေပြီဖြစ်

alt

ခရစ္စတယ် ဟား​ရစ်နှင့်​ ဇာတ်လမ်း​ပြတ်သည်မှ မကြာသေး​ချိန်တွင် ဟုဂျ်ဟက်ဖနာတစ်ယောက် နောက်ထပ် အတွဲသစ် ရနေပြီဟု သိရသည်။

Play Boyမဂ္ဂဇင်း​ အယ်ဒီတာချုပ်ကြီး​ ဟက်ဖနာသည် ယခုအခါ ရှီယာဘက်ချတ် အမည်ရှိ နောက်ထပ် Play Boy အလှမယ်လေး​ တစ်ဦး​နှင့်​ ချိတ်ဆက်နေကြောင်း​ သိရသည်။ ဟက်ဖနာသည် ၎င်း​၏ အချစ်သစ်လေး​အကြောင်း​ Twitterမှတဆင့်​ တရား​၀င် ကြေညာခဲ့​သည်။

၂၀၁၁ နိုဝင်ဘာလ Play Boyမျက်နှာဖုံး​တွင် ရှီယာပါလာမည် ဖြစ်သလို သူမသည် မိမိ၏ အချစ်သစ် ဖြစ်သည်ဟု ဟက်ဖနာက ရေး​သား​ခဲ့​သည်။ အသက် ၂၇ နှစ်ရှိ မော်ဒယ် မိန်း​ကလေး​သည် ကနေဒါတွင် ကြီး​ပြင်း​ခဲ့​ပြီး​ ၂၀၀၉ ခုနှစ်က Sweet Karma ဇာတ်ကား​တွင် ပါ၀င် သရုပ်ဆောင်ခဲ့​ဖူး​သည်။ ဟက်ဖနာသည် အခြား​ Playboy မယ်တစ်ဦး​ဖြစ်သည့်​ အန်နာဆိုဖီယာ ဘာဂလန်နှင့်​လည်း​ နာမည်ထွက်ခဲ့​သေး​ကြောင်း​ သိရသည်။

အသက် ၈၅ နှစ်ရှိ ဟက်ဖနာကမူ မိမိနှင့်​ ဘာဂလန်တို့​မှာ မိတ်ဆွေများ​သာ ဖြစ်ကြောင်း​ ပြောကြား​ခဲ့​သည်။ ဟက်ဖနာသည် ခရစ္စတယ်နှင့်​ ဇွန်လလယ်တွင် လက်ထပ်ရန် စီစဥ်ခဲ့​သော်လည်း​ မင်္ဂလာပွဲ အလွန်နီး​ကပ်သည့်​ အချိန်ကျမှ ခရစ္စတယ်က ယင်း​အစီအစဥ်ကို ပယ်ဖျက်ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here