​သွေး​စုပ်ဖုတ်​ကောင်ဟု ခံယူထား​သူတစ်ဦး​အား​ ဂျာမနီတရား​ရုံး​က ​ထောင်ဒဏ်တစ်သက်ချမှတ်

alt

ဂျာမနီ တရား​ရုံး​ တစ်ခုက ​သွေး​စုပ်ဖုတ်​ကောင် တစ်ဦး​ကို လူသတ်မှု နှစ်ခုအတွက် ​ထောင်ဒဏ် တစ်သက် ချမှတ်လိုက်​ကြောင်း​ သိရသည်။

အသက် ၂၆ နှစ် အရွယ်ရှိပြီး​ ​သွေး​စုပ်ဖုတ်​ကောင်ဟု မိမိကိုယ်ကိုယ် ခံယူထား​​သော လူသတ်သမား​သည် ဆယ်​ကျော်သက် နှစ်ဦး​ကို သတ်ဖြတ်ကာ မိန်း​က​လေး​ တစ်ဦး​၏ အသား​များ​ကို ဝါး​စား​ပြီး​ သူမ၏ ​သွေး​ကိုလည်း​ ​သောက်ခဲ့​​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။ ဂျာမနီ အလယ်ပိုင်း​ ဂိုတင်ဂန်ရှိ တရား​ရုံး​က ဂျန်အို၏ လုပ်ရပ်အတွက် ​ထောင်ဒဏ်တစ်သက် ချမှတ်​ကြောင်း​ ဇွန်လ ၂၇ ရက်​နေ့​က စီရင်ချက်ကို ​ကြေညာခဲ့​သည်။

၎င်း​အား​ စိတ်​ရောဂါ ခံစား​မှုအတွက် ကုသ​ပေး​ရန်လည်း​ တရား​ရုံး​က သတ်မှတ်ခဲ့​ပြီး​ အန္တရာယ် ​ပေး​နိုင်သည့်​ အ​ခြေအ​နေအတွက် လူအများ​​ရှေ့​ မည်သည့်​အခါမှ ပြန်လည်လွှတ်မ​ပေး​နိုင်​ကြောင်း​ပါ စီရင်ချက်အတွင်း​ ထည့်​သွင်း​ ​ဖော်ပြခဲ့​သည်။

ဂျန်သည် အသက် ၁၄ နှစ်အရွယ် မိန်း​က​လေး​ နီနာကို နိုဝင်ဘာလက လည်ပင်း​ညှစ်သတ်ပြီး​ သူမ၏ ​သွေး​ကို ​သောက်ခဲ့​သလို လည်ပင်း​မှ အသား​များ​ကိုလည်း​ ဝါး​စား​ခဲ့​​ကြောင်း​ တရား​ရုံး​က ​တွေ့​ရှိခဲ့​သည်။ ထိုလုပ်ရပ်သည် လိင်​ဖျော်​ဖြေ နှစ်သိမ့်​မှုနှင့်​ ဆက်စပ်​နေမည်ဟုလည်း​ တရား​သူကြီး​က မှတ်ချက်ပြုခဲ့​သည်။ ထို့​​နောက်တွင်မူ ဂျန်သည် ၁၃ နှစ်အရွယ် တိုဘီယက်ကို ၅ ရက်အကြာတွင် သတ်ဖြတ်ခဲ့​သည်။

ကံဆိုး​​သော က​လေး​ငယ်သည် သစ်​တောထဲ လမ်း​​လျှောက်ရင်း​ နီနာ၏ အ​လောင်း​ကို ၀င်တိုက်ခဲ့​ပြီး​​နောက် ဂျန်၏ လက်ချက် မိသွား​ခဲ့​သည်။ ဂျန်က ထိုက​လေး​၏ ရှည်လျား​​သော ဆံပင်များ​​ကြောင့်​ မိန်း​က​လေး​ဟု ထင်ခဲ့​​ကြောင်း​ ဝန်ခံခဲ့​သည်။ တရား​သူကြီး​ ရက်ဖ်ဂန်သာက ဂျန်၏ လုပ်ရပ်မှာ ရက်စက်လှပြီး​ အပြစ်မဲ့​ က​လေး​ငယ် နှစ်ဦး​အား​ အကျည်း​တန်စွာ ​သေဆုံး​​စေခဲ့​​ကြောင်း​ ​ဝေဖန်​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here