စင်္ကာပူလူ​နေမှုစနစ်တွင် လက်ထပ်ထိမ်း​မြား​သည့်​ အ​ရေအတွက် ကျဆင်း​လာ

alt

စင်္ကာပူ လူ​နေမှု စနစ်တွင် လက်ထပ်ထိမ်း​မြား​မှု အ​ရေအတွက် တဖြည်း​ဖြည်း​ ကျဆင်း​လာ​ကြောင်း​ သိရှိရသည်။

၂၀၁၀ ပြည့်​နှစ်အတွင်း​ ယခင်ကာလများ​ကထက် လက်ထပ်မှု အ​ရေအတွက် ကျဆင်း​သွား​သော်လည်း​ ကွာရှင်း​ ပြတ်စဲမှုမှာ တိုး​ပွား​လာခဲ့​ကြောင်း​ စင်္ကာပူ၏ လက်ထပ်ထိမ်း​မြား​မှုဆိုင်ရာ နှစ်ပတ်လည် အစီရင်ခံစာက ​ဖော်ပြထား​သည်။ ၂၀၁၀ ပြည့်​နှစ်အတွင်း​ လက်ထပ်သည့်​စုံတွဲ ၂၄၃၆၃ တွဲသာ ရှိခဲ့​ရာ ၂၀၀၉ ခုနှစ်ကထက် ၆.၆ ရာခိုင်နှုန်း​ ​လျော့​နည်း​သွား​ခြင်း​ဖြစ်သည်။

၂၀၀၃ ခုနှစ်​နောက်ပိုင်း​ ယခုအကြိမ်သည် နှစ်အလိုက် နှိုင်း​ယှဉ်မှုအရ ပထမဆုံး​ ပမာဏ ကျဆင်း​သွား​ခြင်း​ဟုလည်း​ သိရသည်။ ထိုအချိန်တွင် တစ်နှစ်အတွင်း​ ကွာရှင်း​ခဲ့​သော စုံတွဲအ​ရေအတွက်မှာ ရ၄၀၅ တွဲထိ ရှိခဲ့​သည်။ ယင်း​မှာ ၂၀၀၉ ခုနှစ်က ရ၃၈၆ တွဲ ကွာရှင်း​ခဲ့​ခြင်း​ထက် အတန်ငယ် ပိုများ​လျက်ရှိသည်။

ကွာရှင်း​သူများ​အနက် အိမ်​ထောင်သက် ၅ နှစ်မှ ၉ နှစ်ကြား​ ရှိသူများ​ လမ်း​ခွဲမှုသည် ၃၂ ရာခိုင်နှုန်း​ထိ ရှိ​နေ​ကြောင်း​လည်း​ သိရသည်။ မွတ်ဆလင် ဘာသာဝင်များ​မှာ ကွာရှင်း​မှု အနည်း​ဆုံး​ဖြစ်ပြီး​ ဘာသာ​ရေး​အရ ကွာရှင်း​မှုကို လက်မခံလို​သော​ကြောင့်​ဟုဆိုသည်။

မွတ်ဆလင် ဘာသာဝင်အချို့​ ကွာရှင်း​ခဲ့​သော်လည်း​ အိမ်​ထောင်သက် နုသူများ​သာ ယင်း​သို့​အဖြစ်များ​ပြီး​ ​ငွေ​ရေး​ကြေး​ရေး​ အကြပ်အတည်း​၊​ အိမ်တွင်း​ရေး​ အရှုပ်အ​ထွေး​နှင့်​ ခင်ပွန်း​သည်က ကိုယ်ထိလက်​ရောက် နှိပ်စက်မှုများ​ကြောင့်​ ဖြစ်တတ်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here