​ရေလွှာ​​လျှောစီး​သူနှင့်​ ငါး​မန်း​​တစ်​ကောင် မှတ်တမ်း​​ဗီဒီယို အ​ကောင်း​ဆုံး​​ဆုရ

alt

အ​မေရိကန်နိုင်ငံ ဖ​လော်ရီဒါရှိ ကမ်း​ခြေတစ်ခုတွင် ​ရေလွှာ​လျှောစီး​သူ တစ်ဦး​နှင့်​ ငါး​မန်း​တစ်​ကောင် နီး​နီး​ကပ်ကပ် ရှိ​နေ​သော ပုံရိပ်ကို မှတ်တမ်း​တင်ထား​သည့်​ ဗီဒီယိုမှာ ထူး​ထူး​ခြား​ခြား​ ဗီဒီယိုဆုကို ဆွတ်ခူး​ရရှိသွား​သည်။

နယူး​ဆမီနာ ကမ်း​ခြေတွင် ​ရေလွှာ​လျှောစီး​နေသူ တစ်ဦး​၏ ​နောက်နား​တွင် ငါး​မန်း​တစ်​ကောင်က ​လေထဲသို့​ တက်လာပြီး​ ခုန်​ပေါက် ​ပျော်မြူး​နေသည်ကို ဓာတ်ပုံဆရာ ဂျက်​ကော့​ လင်စတန်က မ​တော်တဆ မှတ်တမ်း​တင်နိုင်ခဲ့​သည်။

ဂျက်​ကော့​က ဗီဒီယိုကို ပြန်လည် စစ်​ဆေး​သည့်​အခါ အံ့​ဩထိတ်လန့်​ဖွယ် မြင်ကွင်း​အား​ ​တွေ့​ရှိခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။ ၎င်း ဗီဒီယိုအား​ ရိုက်ကူး​နေစဉ် အနီး​ရှိ လူတစ်ဦး​က ပင်လယ်ထဲတွင် ခုန်ပျံ​နေ​သော ငါး​မန်း​တစ်​ကောင်ကို ​တွေ့​လိုက်သည်ဟု မိမိအား​ ​ပြောခဲ့​သေး​ကြောင်း​ ဂျက်​ကော့​ကဆိုသည်။ သို့​သော် ဗီဒီယိုကို ပြန်လည်တည်း​ဖြတ်သည့်​အခါမှ ​ကျောချမ်း​ဖွယ်ရာ အဆိုပါ မြင်ကွင်း​အား​ တိတိကျကျ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။

အနည်း​ဆုံး​ ၄ ​ပေခန့်​ အရှည်ရှိမည့်​ ငါး​မန်း​သည် ​နောက်ဖက်တွင် ဘာဖြစ်​နေသည်ကို လုံး​ဝမသိသည့်​ ​ရေလွှာ​လျှောစီး​သမား​နှင့်​ မလှမ်း​မကမ်း​တွင် ခုန်ပျံ​နေခဲ့​ခြင်း​ဖြစ်သည်။ အဆိုပါ ဖြစ်စဉ်အတွင်း​ ထိခိုက်ဒဏ်ရာရသူ မရှိခဲ့​ဟုလည်း​ သတင်း​များ​က ​ဖော်ပြသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here