အမျိုး​အမည်မသိ ​ရေသတ္တဝါကြီး​တစ်​ကောင် တရုတ်နိုင်ငံတွင် ကမ်း​တင်​သေဆုံး​

alt

အမျိုး​အမည် ခွဲခြား​ရန် ခက်ခဲလှသည့်​ ကြီး​မား​သော ​ရေသတ္တဝါကြီး​တစ်​ကောင် တရုတ်နိုင်ငံတွင် ကမ်း​တင်​နေသည်ကို လူအများ​က ​တွေ့​ရှိခဲ့​ကြောင်း​ သိရှိရသည်။

၅၅ ​ပေ အလျား​ရှိ​သော ထူး​ခြား​သည့်​ သတ္တဝါကြီး​မှာ ဂွမ်​ဒေါင်း​တွင် ကမ်း​တင် ​သေဆုံး​နေခဲ့​ခြင်း​ဖြစ်သည်။ ထိုသတ္တဝါကြီး​သည် ငါး​ဖမ်း​ပိုက်လိုင်း​များ​နှင့်​ ငြိပြီး​နောက် ပြန်မထွက်နိုင်ဘဲ ဖြစ်​နေခဲ့​ရာမှ ​သေဆုံး​သွား​ခြင်း​ ဖြစ်နိုင်​ကြောင်း​ သတင်း​များ​ကဆိုသည်။ ၎င်းအား​ တံငါသည်များ​က ဖယ်ထုတ်ရန် ကြိုး​စား​ခဲ့​သော်လည်း​ ၄ တန်ခွဲ အ​လေး​ချိန်ရှိသည့်​ ထိုဆန်း​ပြား​သော သတ္တဝါ​ကောင်ကြီး​သည် အမျိုး​အမည် ခွဲခြား​ရန် ခက်ခဲ​လောက်​အောင် ပုပ်သိုး​နေပြီဖြစ်သည်။

သိပ္ပံပညာရှင်များ​က ထိုအ​ကောင်ကြီး​မှာ ဆူး​တောင် ​ဝေလငါး​ တစ်​ကောင်ဖြစ်မည်ဟု ခန့်​မှန်း​ခဲ့​သော်လည်း​ အတိအကျ အတည်မပြုနိုင်​ပေ။ အ​ကောင်ကြီး​ဆီမှ အပုပ်နံ့​မှာ ဆိုး​လွန်း​သော​ကြောင့်​ အနီး​ပတ်ဝန်း​ကျင်မှ လူ​နေအိမ်များ​အတွက် မခံမရပ်နိုင်​လောက်​အောင် ဖြစ်​နေရ​ကြောင်း​ သိရှိရသည်။

အ​မေရိကန် ​ရေ​နေ နို့​တိုက်သတ္တဝါ ​လေ့​လာ​ရေး​ဌာနမှ စ​ကော့​ဘေကာကမူ မိမိတို့​သည် သတ္တဝါကြီး​၏ လည်​ချောင်း​တည်​ဆောက်ပုံကို ​လေ့​လာပြီး​နောက် ​ဝေလငါး​တစ်​ကောင် ဖြစ်နိုင်သည်ဟု ​ကောက်ချက်ချခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။ တရုတ်တွင် ​ဝေလငါး​များ​၏ မျိုး​ဗီဇကို ထိန်း​သိမ်း​သို​လှောင်မှု အလွန်နည်း​ပါး​သော​ကြောင့်​ ယင်း​ကို အတည်ပြုနိုင်ရန် ခက်ခဲ​ကြောင်း​လည်း​ ​ဘေကာက ဝန်ခံ​ပြောဆိုခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here