အိန္ဒိယမိန်း​​က​လေး​​တစ်ဦး​အား​ ဖခင်က မုဒိမ်း​​ကျင့်​ကာ ​ရောင်း​စား​

alt

အိန္ဒိယမှ မိန်း​က​လေး​ တစ်ဦး​မှာ ဖခင်၏ မုဒိမ်း​ကျင့်​မှုကို ခံရပြီး​နောက် အမျိုး​သား​ ၂၀၀ ​ကျော်ထံ ​ရောင်း​စား​ခြင်း​ ခံခဲ့​ရ​ကြောင်း​ သိရသည်။

အိန္ဒိယ ရဲတပ်ဖွဲ့​သည် မိန်း​က​လေး​၏ ဖခင်နှင့်​ လူ ၂၉ ဦး​အား​ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ဖမ်း​ဆီး​ခဲ့​သည်။ အသက် ၁၇ နှစ်ရှိ မိန်း​က​လေး​က သူမသည် ဖခင်အရင်း​၏ လိင်ပိုင်း​ဆိုင်ရာ အနိုင်ကျင့်​မှုကို ခံခဲ့​ရသလို လိင်​ဖျော်​ဖြေမှုအတွက် အမျိုး​သား​ အ​မြောက်အမြား​ထံ ​ရောင်း​စား​ခြင်း​ ခံခဲ့​ရ​ကြောင်း​ ဝန်ခံခဲ့​သည်။ မိန်း​က​လေး​၏ ဖခင်မှာ ယခုအချိန်ထိ ​ဖြေရှင်း​ချက် မ​ပေး​နိုင်​သေး​ချေ။

ရဲများ​က မိန်း​က​လေး​၏ ဖခင်ထံ အခ​ကြေး​ငွေ​ပေး​ပြီး​ ကာမသာယာမှု ရယူခဲ့​သူများ​ကို ဖမ်း​ဆီး​ရန် လုပ်​ဆောင်သွား​မည်ဟု ​ပြောကြား​ခဲ့​သည်။ မိန်း​က​လေး​သည် သူမ၏ ဖခင်နှင့်​ ချိတ်ဆက်ပြီး​ သူမကို လိင်ဆက်ဆံခဲ့​သူ ရ၀ ခန့်​၏ အမည်စာရင်း​များ​ကို ​ပြောပြနိုင်ခဲ့​သည်။ယင်း​စာရင်း​တွင် ကန်ထရိုက်​တာများ​၊​ ရုပ်ရှင် ထုတ်လုပ်သူများ​အပြင် ရဲသား​များ​ပင် ပါဝင်​နေ​ကြောင်း​ သိရသည်။ သူမ၏မိခင် အိမ်တွင် မရှိချိန်အတွင်း​ ဖခင်က သူမအား​ မုဒိမ်း​ကျင့်​ခဲ့​ကြောင်း​၊​ ​နောက်ပိုင်း​တွင် သူမအား​ ​နေရာစုံ ​ခေါ်သွား​ပြီး​နောက် အမျိုး​သား​များ​နှင့်​ ​တွေ့​ဆုံ​စေခဲ့​ကြောင်း​၊​ သူမအ​နေနှင့်​ TVတွင် ပါဝင်ရန် အခွင့်​အ​ရေး​ ရလာမည်ဟု ဖခင်က ​ပြောဆိုခဲ့​ကြောင်း​ မိန်း​က​လေး​က ထွက်ဆိုခဲ့​သည်။

မိန်း​က​လေး​ ထိုကိစ္စကို မိခင်ဖြစ်သူ ကိုယ်တိုင်လည်း​ ​နောက်ပိုင်း​တွင် သိလာသည့်​တိုင် နှုတ်ဆိတ်​နေ​ကြောင်း​ ​ပြောဆိုခဲ့​သည့်​နောက် မိန်း​က​လေး​၏ မိခင်ပါ ထိမ်ချန်မှုဖြင့်​ အဖမ်း​ခံထား​ရသည်။ မိန်း​က​လေး​သည် ယခုအခါ စိတ်ဖိစီး​မှုနှင့်​ အခြား​သော ကျန်း​မာ​ရေး​ ချို့​တဲ့​မှုများ​ကြောင့်​ အစိုး​ရ ​ဆေး​ရုံတစ်ခုတွင် ကုသမှု ခံယူ​နေရ​ကြောင်း​ သိရှိရသည်။>

LEAVE A REPLY

Please enter your comment!
Please enter your name here