အန္တာတိကတိုက်မှ အင်ပါယာ ပင်ဂွင်း​ငှက် တစ်ကောင် လမ်း​မှား​ပြီး​ နယူး​ဇီလန်ကမ်းခြေရောက်ရှိ

alt

အန္တာတိကတိုက်မှ အင်ပါယာ ပင်ဂွင်း​ငှက် တစ်​ကောင်သည် မျက်စိလည် လမ်း​မှား​ပြီး​ နယူး​ဇီလန် ကမ်း​ခြေသို့​ ​ရောက်လာခဲ့​ကြောင်း​ သိရသည်။

မိုင် ၂၀၀၀ ​ကျော် အကွာအ​ဝေး​မှ လာ​ရောက်ခဲ့​ဟန်ရှိ​သော ပင်ဂွင်း​တစ်​ကောင်ကို နယူး​ဇီလန် ​တောင်ပိုင်း​ကမ်း​ခြေတွင် ​တွေ့​ရခြင်း​မှာ ၄၄ နှစ်အတွင်း​ ပထမဆုံး​ဖြစ်သည်။ ခရစ္စတင်း​ ဝီလတန်သည် သူမ၏ ​ခွေး​လေး​နှင့်​အတူ ကမ်း​ခြေတွင် လမ်း​လျှောက်လာရင်း​ အဖြူနှင့်​အမည်း​ စပ်ထား​သည့်​ ထိုငှက်က​လေး​အား​ ​တွေ့​ရှိခဲ့​ခြင်း​ဖြစ်သည်။

ပင်ဂွင်း​သည် အထီး​လေး​ဖြစ်ပြီး​ ကျန်း​မာ​ရေး​ ​ကောင်း​မွန်​ကြောင်း​ သိရသည်။ ခရစ္စတင်း​က ယခုပင်ဂွင်း​သည် ကမ္ဘာသစ် တစ်ခုကို ​ရောက်လာသည်ဟု ခံစား​မိမည်ထင်​ကြောင်း​ သုံး​သပ်ခဲ့​သည်။ ​ရေခဲပြင် ဖြူဖြူများ​သာ ဖုံး​လွှမ်း​နေသည့်​ ​နေရာမှ သဲ​သောင်ပြင်​ပေါ် ​ရောက်လာ​သော ပင်ဂွင်း​လေး​အတွက် အရာရာသည် ဆန်း​သစ်​နေဖွယ် ရှိ​လေသည်။

၎င်းကို သဘာဝ ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ တာဝန်ခံများ​က ဖမ်း​ဆီး​ရန် ကြိုး​ပမ်း​နေပြီး​ ဇာတိ​မြေသို့​ ပြန်ပို့​ရန် စီစဉ်​နေကြသည်။ အင်ပါယာ ပင်ဂွင်း​များ​သည် ပင်ဂွင်း​ငှက်များ​အနက် အကြီး​ဆုံး​ မျိုး​နွယ်ဖြစ်ပြီး​ အရပ် ၄ ​ပေထိ ကြီး​ထွား​နိုင်သည်။ ကိုယ်အ​လေး​ချိန် ရ၅ ​ပေါင်ထိ ထွား​ကျိုင်း​နိုင်​ကြောင်း​ သိရသည်။ ယခု​တွေ့​ရ​သော ပင်ဂွင်း​လေး​သည် အလွန်ကံ​ကောင်း​စွာဖြင့်​ နယူး​ဇီလန်ထိ ဆိုက်ဆိုက်မြိုက်မြိုက် ​ရောက်လာခြင်း​ဟု ကျွမ်း​ကျင်သူများ​ကဆိုသည်။

၎င်းသည် သဘာဝအတိုင်း​ အန္တာတိကတိုက်သို့​ ​ရေကူး​သွား​ရန်မှာ အလွန်ခက်ခဲပြီး​ ​ဘေး​အန္တရာယ် ထူ​ပြောလှ​ကြောင်း​ နယူး​ဇီလန် သား​ရိုင်း​တိရစ္ဆာန် ထိန်း​သိမ်း​ရေး​ဌာန ဒါရိုက်တာ ပီတာဆင်ဆမ်က ​ပြောကြား​ခဲ့​သည်။ လက်ရှိ နယူး​ဇီလန် ကမ်း​ခြေတွင် ရှိ​နေ​သော ပင်ဂွင်း​လေး​သည် အနည်း​ဆုံး​ သီတင်း​ ၂ ပတ်မျှ အနီး​အနား​ရှိ အစား​အစာများ​ကို စား​သောက်​နေပြီး​ အသက်ရှင်​နေဖွယ် ရှိသည်။

၎င်းအား​ ဖမ်း​မမိခင် ထို​နေရာ အနီး​တဝိုက်သို့​ ​ခွေး​များ​ ​ခေါ်မလာရန် တာဝန်ရှိသူများ​က တား​ဆီး​ထား​သည်။ နယူး​ဇီလန်တွင် ၁၉၆၇ ခုနှစ်က ပင်ဂွင်း​ငှက် တစ်​ကောင်ကို ​နောက်ဆုံး​အကြိမ် ​တွေ့​ရှိခဲ့​ဖူး​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here