​တောင်ကိုရီး​ယား​ က​လေး​ငယ် ရထား​ဘူတာတွင် ​သေဆုံး​မှု စစ်​ဆေး​လျက်ရှိ

alt

​တောင်ကိုရီး​ယား​နိုင်ငံတွင် က​လေး​ငယ်တစ်ဦး​ ရထား​ဘူတာ Lockerအတွင်း​ ​သေဆုံး​နေသည်ကို ​တွေ့​ရှိပြီး​နောက် မိခင်ဖြစ်သူအား​ ရဲများ​က စစ်​ဆေး​လျက်ရှိသည်။

အသက် ၂၀ အရွယ်ရှိပြီး​ ကင်ဟုသာ အမည်​ဖော်ပြ​သော အမျိုး​သမီး​သည် မိုတယ်ခန်း​ တစ်ခုတွင် က​လေး​အား​ ​မွေး​ပြီး​နောက် အဆိုပါ လူမမယ် ​ယောက်ျား​လေး​ကို အသက်ရှူမွမ်း​ကြပ်​အောင် ဖိသိပ် သတ်ဖြတ်ခဲ့​သည်။ ထို့​နောက် က​လေး​အ​လောင်း​ကို ​စောင်ဖြင့်​ပတ်ပြီး​ ယူလာကာ ​မြေ​အောက်ရထား​ Lockerတစ်ခုအတွင်း​ ထည့်​ထား​ခဲ့​ခြင်း​ဖြစ်သည်။

ရှန်ပန်ဘူတာရှိ Lockerအတွင်း​ က​လေး​အ​လောင်း​ကို ​တွေ့​ရှိပြီး​နောက် တာဝန်ရှိသူများ​က ရဲတပ်ဖွဲ့​ထံ အ​ကြောင်း​ကြား​ခဲ့​သည်။ ရဲများ​က ဆဲလ်ဖုန်း​မှတဆင့်​ Lockerအတွက် ​ငွေ​ပေး​ချေမှုကို ​ခြေရာခံကာ ကင်အား​ ​ဖော်ထုတ်နိုင်ခဲ့​သည်။

သူမသည် မိဘများ​အား​ ဆိုး​လ်အမျိုး​သား​ တက္ကသိုလ်တွင် တက်​နေသည်ဟု လိမ်ညာထား​သော်လည်း​ အမှန်တွင် တက္ကသိုလ်သို့​ တစ်ကြိမ်မှ မ​ရောက်ဖူး​ဘဲ အန်ယန်း​ရှိ မိုတယ်တစ်ခုတွင် ​နေထိုင်​နေခြင်း​ဖြစ်​ကြောင်း​ ရဲများ​ထံ ဝန်ခံခဲ့​သည်။ ကင်အား​ ဖမ်း​ဆီး​ပြီး​နောက် ရဲများ​က သူမ၏ ဖခင်ထံ ဆက်သွယ်ရန် စီစဉ်ခဲ့​သော်လည်း​ ကင်က ငြင်း​ဆန်ခဲ့​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here