မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သည့်​ ၂ နှစ်ပြည့်​ အခမ်း​အနား​ကျင်း​ပ

alt

မိုက်ကယ်ဂျက်ဆင် ကွယ်လွန်သည့်​ ၂ နှစ်ပြည့်​ အထိမ်း​အမှတ်အတွက် ပရိသတ်များ​က ဝမ်း​နည်း​ကြေကွဲမှု အခမ်း​အနား​တစ်ရပ် ကျင်း​ပခဲ့​ကြောင်း​ သိရသည်။

Popဂီတ ​လောက၏ ဘုရင်အဖြစ် သတ်မှတ်ခံရ​သော ဂျက်ဆင်သည် ၂၀၀၉ ခုနှစ်၊​ ဇွန်လ ၂၅ ရက်​နေ့​က ​လော့​စ်အိန်ဂျယ်လိစ်တွင် ကွယ်လွန်ခဲ့​သည်။ အသက် ၅၀ အရွယ်တွင် အနိစ္စ ​ရောက်ခဲ့​သော ဂျက်ဆင်​အတွက် ​အောက်​မေ့​ဖွယ် အခမ်း​အနား​အဖြစ် ၎င်း၏ ရုပ်အ​လောင်း​ကို မြှုပ်နှံထား​သည့်​ Forest Lawn အမှတ်တရ သင်္ချိုင်း​မြေသို့​ ပရိသတ်များ​က လာ​ရောက်စုရုံး​က ပန်း​စည်း​များ​ ချထား​ခဲ့​ကြသည်။ ပရိသတ် တစ်ဦး​ဖြစ်သည့်​ လင်ဒါဟစ်ဂင်က ဂျက်ဆင်သည် ကွယ်လွန်သွား​ပြီ ဖြစ်သည့်​တိုင် ၎င်း၏ အရှိန်အဝါမှာ ပရိသတ်များ​နှင့်​ ထာဝရ ထပ်တူ တည်ရှိ​နေမည်ဟု ​ပြောကြား​ခဲ့​သည်။

ဂျက်ဆင်၏ အမှတ်တရ အခမ်း​အနား​သို့​ ပရိသတ် ​ထောင်ဂဏန်း​မျှ ​ရောက်ရှိခဲ့​သော်လည်း​ ယမန်နှစ် အခမ်း​အနား​လောက် စည်ကား​ခြင်း​ မရှိခဲ့​ချေ။ ဂျက်ဆင်သည် ကန့်​သတ်​ဆေး​ဝါး​များ​ လွန်ကျွံစွာ သုံး​စွဲ​မိသည့်​အတွက် နှလုံး​ဖောက်ပြန်ပြီး​ ​သေဆုံး​ခဲ့​ကြောင်း​ သတင်း​များ​က ​ဖော်ပြလျက်ရှိသည်။

ထိုစဉ်က Propofol ​ဆေး​ဝါး​ကို ဂျက်ဆင်အား​ ထိုး​သွင်း​ပေး​ခဲ့​သည်ဆို​သော ၎င်း၏ မိသား​စု ဆရာဝန် ကွန်း​ရက်မာ​ရေး​မှာ လူ​သေမှုအတွက် ယခုတိုင် ဆိုင်း​ငံ့​တရား​စီရင်မှုနှင့်​ ရင်ဆိုင်​နေရဆဲဖြစ်သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here