တရုတ်နိုင်ငံတွင် ​ရေကြီး​မှ​ု​ကြောင့်​ လူ​ပေါင်း​သန်း​နှင့်​ချီ အခက်​အခဲများ​ကြံု

alt

တရုတ်နိုင်ငံတွင် ​ရေကြီး​မှုများ​ ဖြစ်​ပေါ်​နေသည့်​ဒဏ်ကို လူ​ပေါင်း​ သန်း​နှင့်​ချီ ကြံု​တွေ့​ခံစား​နေရ​ကြောင်း​ သိရှိရသည်။

နိုင်ငံ အ​ရှေ့​ပိုင်း​ ​ဒေသများ​တွင် ဆိုး​ဆိုး​ရွား​ရွား​ ​ပေါ်​ပေါက်​နေသည့်​ ​ရေကြီး​မှုများ​အတွင်း​ လူ​ပေါင်း​ ၅ သန်း​မျှ ထိခိုက်ခံစား​နေရ​ကြောင်း​ သတင်း​များ​ကဆိုသည်။ တရုတ်အစိုး​ရက ​ရေကြီး​မှုများ​ကြောင့်​ ပျက်စီး​မှု တန်ဖိုး​သည် ​ဒေါ်လာ သန်း​ ရ၀၀ မျှထိ ရှိနိုင်​ကြောင်း​ ခန့်​မှန်း​ထား​သည်။ မိုး​သည်း​ထန်စွာ ရွာသွန်း​ပြီး​ ​နောက်ဆက်တွဲ ဖြစ်​ပေါ်လာသည့်​ ​ရေကြီး​မှုများ​သည် ယခုအခါ နိုင်ငံ​တောင်ပိုင်း​ ​ဒေသများ​ကိုပါ ခြိမ်း​ခြောက်လာ​နေ​ကြောင်း​ ​ရေအရင်း​အမြစ် ဝန်ကြီး​ ချန်လီက ဝန်ခံ​ပြောကြား​ခဲ့​သည်။ ​

ရေကြီး​မှုများ​ ဆက်လက်ဖြစ်ပွား​နိုင်​သော အ​ခြေအ​နေသည် တိုး​ပွား​လာ​နေဆဲဖြစ်ရာ ​တောင်ပိုင်း​ဒေသများ​တွင်လည်း​ အလား​တူ အခက်အခဲများ​ ကြံုလာနိုင်​ကြောင်း​ ချန်က ဝန်ကြီး​ဌာနပိုင် ဝက်ဆိုက်မှတဆင့်​ ​ပြောဆိုသွား​သည်။

လန်ဂျီအန်း​ မြစ်​ရေသည် ၁၉၆၆ ခုနှစ်​နောက်ပိုင်း​ အမြင့်​ဆုံး​အဖြစ် ၃၄ မီတာထိ စံချိန်တင် ​ရောက်ရှိလာရာ လန်ဇီး​မြို့​ တစ်မြို့​ထဲတွင် လူ​ပေါင်း​ နှစ်​သောင်း​ကျော်တို့​၏ ​နေအိမ်များ​ ​ရေမြုပ်ကုန်သည်။ ဟူဘိုင်း​နှင့်​ ဇန်ဂျီအန်း​ ​ဒေသများ​တွင်လည်း​ ​မြေနိမ့်​ပိုင်း​ အ​တော်များ​များ​ကို ​ရေလွှမ်း​သွား​ခဲ့​သည်။

​ရေကြီး​မှုများ​ကြောင့်​ အဆိုပါ ​ဒေသ နှစ်ခုတွင် အိမ်​ခြေ ရ၀၀၀ မျှ ပြိုကျပျက်စီး​ခဲ့​ပြီး​ စီး​ပွား​ရေး​ လုပ်ငန်း​ ၁၀၀၀ ​ကျော်မှာလည်း​ ရပ်ဆိုင်း​ခဲ့​ကြောင်း​ သိရသည်။ တရုတ် အစိုး​ရပိုင် Xinhua သတင်း​ဌာနက ​ရေကြီး​မှုများ​အတွင်း​ ​သေဆုံး​သူနှင့်​ ​ပျောက်ဆုံး​နေသူ အ​ရေအတွက် စုစု​ပေါင်း​ ၁၇၀ ​ကျော်သွား​ပြီဟု ​ဖော်ပြသွား​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here