ခင်ပွန်းကောင်းရရှိရေး အဆန်းထွင် ဆွဲဆောင်သည့် တရုတ်မိန်းကလေး

alt

တရုတ်နိုင်ငံမှ မိန်းကလေးတစ်စုသည် ခင်ပွန်းကောင်း ရရှိရန် ထူးထူးခြားခြား လုပ်ဆောင်ခဲ့ကြောင်း သိ​ရ​သည်။

ကန်တုံရှိ ဘွဲ့ရပြီး မိန်းကလေး ၈ ဦးသည် သူမတို့၏ အဝတ်အစားများကို ချွတ်ပစ်ကာ အတွင်းခံ အ ဝတ် ဖြင့် အမျိုးသားများကို ဆွဲဆောင်ခဲ့ကြောင်း သိရသည်။ ဇီယာဘီလူ ဘူတာတွင် ချောမောသော မိန်းကလေးများ စုရုံးကာ သီချင်းဖွင့် ကခုန်ရင်း အဝတ်များကို ချွတ်ပစ်ခဲ့ကြောင်း မျက် မြင် တစ်ဦး က ဆိုသည်။

မိုးဖွဲဖွဲ ကျနေသည့်တိုင် သူမတို့အား လူပေါင်းများစွာ စုရုံးကြည့်ရှုခဲ့ကြသည်။ မိန်းကလေးများသည် အ သက်၂၅ နှစ်မှ ၃၅ နှစ်ကြား အရွယ်များဖြစ်ပြီး ချောမောပြေပြစ်ကာ ပညာတတ် လူတန်းစားများ ဖြစ်​ကြသည်။ သို့သော်လည်း သင့်တော်သည့် ခင်ပွန်းလောင်းကို ရှာဖွေနေခြင်းဟု ကြေညာခဲ့သည်။

သူမတို့အနေနှင့် ပကတိ အလှတရားကို ယုံကြည်မှု အပြည့်ရှိကြောင်းလည်း မိန်းကလေးများက ကြွေး​ကြော်​ခဲ့သည်။ မိန်းကလေးများက သူမတို့ကို ဆက်သွယ်လိုသော အမျိုးသားသည် အသက် ၃၁ နှစ်မှ ၃၆ နှစ်ကြား အရပ် ၁.၇ မီတာထက်မြင့်ပြီး ပညာတတ် ဖြစ်ရမည်ဟု စည်း​ကမ်းထုတ်ထားသည်။

သူမတို့၏ လုပ်ရပ်သည် အထူးအဆန်း ဖြစ်သော်လည်း အဆန်းထွင်မှု သတ်သတ်သာဖြစ်ကြောင်း ဝေဖန်မှုအချို့လည်း ထွက်ပေါ်နေကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here