ဗြိတိန်ကမ်း​ခြေတွင် လူ​ပေါင်း​ ၄၀၀ ခန့်​ အဝတ်ဗလာဖြင့်​ ဒိုင်ဗင်ထိုး​ပွဲကျင်း​ပ

alt

ဗြိတိန်နိုင်ငံ၊​ ​ဝေလပြည်နယ်ရှိ ရိုဆီလီ ကမ်း​ခြေတွင် လူ​ပေါင်း​ ၄၀၀ မျှ စု​ပေါင်း​၍ အဝတ်ဗလာဖြင့်​ ဒိုင်​ဗင်​ထိုး​ခဲ့​ကြောင်း​ သိရသည်။

၎င်းတို့​သည် အဝတ်ဗလာဖြင့်​ အမြင့်​မှ ဒိုင်ဗင်ထိုး​ချသည့်​ လူဦး​ရေ အများ​ဆုံး​ စံချိန်သစ် တင​်နိုင်​ရန်​အ​တွက် ယခုလို စု​ပေါင်း​စီစဉ်ခဲ့​ခြင်း​ဖြစ်သည်။ အစီအစဉ်တွင် ပါဝင်သူများ​သည် ဇွန်လ ၁၉ ရက်​နေ့​က အ​​ဝတ်အစား​များ​ကို ချွတ်ချပြီး​ ​ပျော်​ပျော်ရွှင်ရွှင် ဒိုင်ဗင်ထိုး​ချခဲ့​ခြင်း​ဖြစ်သည်။

သို့​သော်လည်း​ ​လေ​အေး​အေး​ တိုက်ခတ်​နေချိန်တွင် ၁၂ ဒီဂရီ ဆဲဆီး​ရပ်စ်သာ အပူချိန်ရှိ​သော ပင်​လယ်​​​ ရေမျက်နှာပြင်နှင့်​ အ​ရေပြား​များ​ ထိ​တွေ့​သည့်​အခါ ရှံုရှံုမဲ့​မဲ့​ဖြင့်​ ပြန်တက်လာကြသည်။ ယင်း​အစီ​အစဉ်အတွက် ကမ္ဘာ့​နိုင်ငံ အ​တော်များ​များ​မှ စု​ပေါင်း​ပါဝင်ခဲ့​ခြင်း​ဖြစ်သည်။ အသက် ၂၅ နှစ်ရှိ လစ်ဇီဝှိုက်က သူမသည် ဩစ​တြေး​လျမှ လာခဲ့​ခြင်း​ဖြစ်​ကြောင်း​၊​ ယခုအစီအစဉ်သည် ရူး​မိုက်သည် ​ဆို​သော်​လည်း​ ​ပျော်ရွှင်ဖွယ်ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

မိမိအ​နေနှင့်​ ပင်လယ်​ရေမှာ ထိုမျှ​အေး​မည် မထင်​ကြောင်း​လည်း​ အသက် ၂၉ နှစ်ရှိ စတီဗန် အက်ဆလွမ်ကဆိုသည်။ အက်ဆလွမ်က တစ်ကြိမ်မျှ ဝတ်လစ်စား​လစ်ဖြင့်​ ​ရေမကူး​ဖူး​သော်လည်း​ လူ ၄၀၀ မျှ အတူတကွ အဝတ်အစား​များ​ ချွတ်လိုက်သည့်​အခါ ရှက်မ​နေဘဲ သက်​သောင့်​သက်သာပင် ခံစား​ရ​ကြောင်း​လည်း​ ​ပြောဆိုသွား​သည်။

ယခင်က ကမ္ဘာ့​စံချိန်အဖြစ် ဝတ်လစ်စား​လစ် ​ရေထဲ ဒိုင်ဗင်ထိုး​သူ အ​ရေအတွက် အများ​ဆုံး​မှာ ၂၅၀ ဖြင့်​ တင်ထား​သော်လည်း​ ယခုအခါတွင်မူ စံချိန်သစ် တင်နိုင်ခဲ့​ပြီဟု စီစဉ်သူများ​က ​ကြေညာခဲ့​သည်။

 

LEAVE A REPLY

Please enter your comment!
Please enter your name here