သား​သမီး​ကို အရှက်ရ​စေသူအဖြစ် အ​မေရိကန်သား​တစ်ဦး​အား​ သတင်း​များ​ဖော်ပြ

alt

အ​မေရိကန်မှ လူတစ်ဦး​အား​ ကမ္ဘာ​ပေါ်တွင် သား​သမီး​ကို အရှက်အခွဲဆုံး​အဖြစ် သတင်း​များ​က ​ဖော်ပြခဲ့​သည်။

Metroက ယူတား​တွင် ​နေထိုင်​သော ​ဒေး​ပရိုက်​ကြောင့်​ သား​ဖြစ်သူ ရိန်း​မှာ အလွန်စိတ်ပျက်​နေသည်ဟုဆိုသည်။ ​ဒေး​သည် ၎င်း၏သား​ကို ​ကျောင်း​ကား​လာကြိုတိုင်း​ ထူး​ထူး​ဆန်း​ဆန်း​ အဝတ်အစား​များ​ ဝတ်ဆင်ထား​ကာ သား​ဖြစ်သူကို ​ကျောင်း​ကား​ပေါ် တင်​ပေး​လေ့​ရှိသည်။ ၎င်းတွင် Wonder Woman၊​ Batgirlစသည့်​ လူစွမ်း​ကောင်း​ အမျိုး​သမီး​ ဝတ်စုံများ​အပြင် သတို့​သမီး​ ဝတ်စုံတစ်ခုပင် ရှိ​နေ​သေး​သည်။

ထို့​အပြင် ခပ်ဖိုင့်​ဖိုင့်​ဒေး​သည် ​ရေသူမဝတ်စုံ ခပ်ကြပ်ကြပ်ကိုပင် မ​တော်တ​ရော် စွပ်ခဲ့​သေး​သည်။ ရိန်း​က ၎င်း၏ ဖခင်သည် သာမန်ဖခင်များ​ကဲ့​သို့​ အိမ်သာတက်ရင်း​ သတင်း​စာဖတ်သူဖြစ်​ကြောင်း​၊​ သို့​သော်လည်း​ ထိုလုပ်ရပ်ကို အိမ်သာခန်း​ အပြင်တွင် လုပ်တတ်​ကြောင်း​ စိတ်ပျက်လက်ပျက် ​ပြောဆိုခဲ့​သည်။

ဖခင်ဖြစ်သူ​ကြောင့်​ အလွန်အံ့​ဩစိတ်ပျက်ရ​ကြောင်း​ ရိန်း​ကဆိုသည်။ ရိန်း​က ကိစ္စတစ်ခုတွင် ဖခင်ဖြစ်သူနှင့်​ အ​ခြေအတင် ​ပြောဆိုရင်း​ ဖခင်အား​ မိမိကို အရှက်မခွဲရန် ​ပြောခဲ့​ရာမှ ​ဒေး​က ယခုကိစ္စကို စိတ်ကူး​ရသွား​ခြင်း​ဖြစ်သည်။ ​ဒေး​က သား​ဖြစ်သူသည် မိမိက ၎င်းအတွက် မည်သို့​မည်ပုံ လုပ်​ဆောင်​ပေး​ခဲ့​သည်များ​ကို နား​လည်မှု မ​ပေး​ခဲ့​သည့်​အတွက် ယခုလို တုန့်​ပြန်ခဲ့​ခြင်း​ဟု ​ပြောကြား​ထား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here