iPhone လိုချင်သည့်​ တရုတ်မိန်း​က​လေး​ အပျိုစင်ဘဝနှင့်​ အလဲအလှယ် လုပ်မည်ဟုဆို

alt

တရုတ်နိုင်ငံတွင် လူငယ်ပိုင်း​များ​မှာ Appleကုမ္ပဏီထုတ် iPhoneတစ်လုံး​ ပိုင်ဆိုင်နိုင်ရန် အလွန်ရူး​သွပ် ​တောင့်​တ​နေ​လေ့​ ရှိသည်ကို မိန်း​က​လေး​ တစ်ဦး​က သက်​သေပြခဲ့​သည်။

အသက် ၂၀ ဝန်း​ကျင်သာ ရှိ​သေး​သော တရုတ်မိန်း​က​လေး​ တစ်ဦး​သည် Weibo (တရုတ် Versionဖြစ်သည့်​ Twitter)တွင် သူမအ​နေနှင့်​ iPhone 4 တစ်လုံး​ကို ပိုင်ဆိုင်ရန် ဆန္ဒရှိ​နေ​ကြောင်း​၊​ သို့​သော်လည်း​ ဝယ်ယူရန် မတတ်နိုင်သဖြင့်​ ထိုဖုန်း​ကို ဝယ်ယူ​ပေး​သူအား​ သူမ၏ အပျိုစင်ဘဝကို ​ပေး​အပ်ရန် အသင့်​ရှိ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ထိုမိန်း​က​ လေး​က သူမအတွက် iPhone 4တစ်လုံး​ ဝယ်​ပေး​သူ မည်သူနှင့်​မဆို တစ်ညအိပ်မည်ဟု Weiboတွင် ​ရေး​သား​ခဲ့​သည်။ ဂွမ်​ဒေါင်း​တွင် ​ နေထိုင်​သော မိန်း​က​လေး​က သူမသည် iPhone 4ကို အလွန်နှစ်သက်ပြီး​ လိုချင်​နေမိ​ကြောင်း​လည်း​ ဝန်ခံထား​သည်။ သို့​သော်လည်း​ သူမ၏ Post​အောက်တွင် အများ​စုက မပြုလုပ်သင့်​သည့်​ ရူး​မိုက်​သော ကမ်း​လှမ်း​မှု တစ်ခုဟာ ​ဝေဖန်​ရေး​သား​ခဲ့​သည်။

ထို့​အပြင် အခြား​သော အဆင်အခြင် နည်း​ပါး​သည့်​ မိန်း​က​လေး​ငယ်များ​လည်း​ အလား​တူ လုပ်ရပ်မျိုး​ ပြုလုပ်လာမည်ကို အချို့​က စိုး​ရိမ်​ နေကြသည်။ ပြီး​ခဲ့​သည့်​ ဧပြီလကလည်း​ တရုတ်နိုင်ငံမှ အသက် ၁၇ နှစ်အရွယ် လူငယ်​လေး​ တစ်ဦး​သည် Apple၏ ထုတ်လုပ်သည့်​ Tablet ကွန်ပျူတာ iPad 2အား​ ဝယ်ယူနိုင်ရန် ၎င်း၏ ​ကျောက်ကပ် တစ်လုံး​ကို ခွဲထုတ်​ရောင်း​စား​ခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here