ဆီး​ရီး​ယား​တွင် သမ္မတ ဘာရှာ အယ် အာဆက်ကို ​ထောက်ခံသူများ​က စုရုံး​ဆန္ဒပြ

alt

ဆီး​ရီး​ယား​တွင် သမ္မတ ဘာရှာ အယ် အာဆက်ကို ​ထောက်ခံသူများ​က စုရုံး​ဆန္ဒပြခဲ့​ကြောင်း​ သိရသည်။

ဆီး​ရီး​ယား​ရှိ မြို့​အသီး​ သီး​တွင် သမ္မတ အာဆက်ကို ​ထောက်ခံ​ကြောင်း​ မြို့​လယ်များ​တွင် လူအများ​ စုရုံး​ဆန္ဒပြခဲ့​ကြောင်း​ မျက်မြင်များ​ကဆိုသည်။ ထိုဆန္ဒပြမှုတွင် ပါဝင်သူ အများ​စုသည် အစိုး​ရ ဝန်ထမ်း​များ​ ဖြစ်ကြပြီး​ ပြည်သူများ​က အာဆက်ကို အလိုရှိ​ကြောင်း​၊​ အလ္လာအရှင်မြတ်သည် အာဆက်နှင့်​ ဆီး​ရီး​ယား​တို့​ကို ​ကောင်း​ချီး​ပေး​မည်ဖြစ်​ကြောင်း​ ​ကြွေး​ကြော်ခဲ့​ကြသည်။

ပြုပြင်​ပြောင်း​လဲ​ရေး​ ဆန္ဒပြမှုများ​ ၃ လကြာ ဖြစ်​ပေါ်ခဲ့​သည့်​နောက် သမ္မတက အမျိုး​သား​အဆင့်​ ​ဆွေး​နွေး​ပွဲတစ်ခု ပြုလုပ်​ပေး​မည်ဟု တရား​ဝင် ​ ကြေညာပြီး​ ​နောက်တစ်​နေ့​ ဇွန်လ ၂၁ ရက်တွင် ယခုလို ​ထောက်ခံဆန္ဒပြမှုများ​ ဖြစ်လာခဲ့​ခြင်း​ဟု သိရသည်။ ဆန္ဒပြအဖွဲ့​ကို ဦး​ ဆောင်သူ တစ်ဦး​ဖြစ်​သော အီမန် ဟာလာဝီက သမ္မတအ​ပေါ် ​ထောက်ခံသစ္စာရှိ​သော ပြည်သူများ​သည် ယခုလို စုရုံး​လာခဲ့​ခြင်း​ဟု ​ပြောဆိုသွား​သည်။

မိမိသည် သမ္မတ အာဆက်ကို ​လေး​စား​ထောက်ခံမည်ဖြစ်​ကြောင်း​၊​ အာဆက်၏ အ​ပြောင်း​အလဲအတွက် ညှိနှိုင်း​ပေး​မည်ဟု ကတိပြုခဲ့​သည့်​ မိန့်​ခွန်း​မှာ ပြည်သူများ​အတွက် အား​ဆေး​တစ်ခု ဖြစ်လာ​ကြောင်း​လည်း​ အီမန်ကဆိုသည်။ လက်ရှိတွင်မူ ဥ​ရောပ ယူနီယံသည် သမ္မတ အာဆက်က ဆန္ဒပြ​သော ပြည်သူများ​အ​ပေါ် ကြမ်း​တမ်း​သော နည်း​လမ်း​များ​ဖြင့်​ နှိမ်နင်း​ခဲ့​မှုအတွက် အ​ရေး​ယူ ပိတ်ဆို့​မှုများ​ ပြုလုပ်သွား​ရန် စဉ်း​စား​လျက်ရှိသည်။

အာဆက်သည် ဇွန်လ ၂၀ ရက်​နေ့​ မိန့်​ခွန်း​ အတွင်း​ လက်ရှိ အစိုး​ရ ဆန့်​ကျင်​ရေး​ ဆန္ဒပြ​နေမှုများ​သည် ဆီး​ရီး​ယား​ နိုင်ငံကို ဖျက်ဆီး​နေခြင်း​ပင်ဖြစ်​ကြောင်း​ စွပ်စွဲ​ ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here