ဒီလိုမချစ်ဘူး​မ​ပြောပါနဲ့​

သရုပ်​ဖေါ်ပုံ © ဇောင်း

 `ဆရာဝန်​တွေဟာ ကျီး​ကန်း​​တွေလို တစ်​ယောက်​ကို​ထိ​တာနဲ့​ အကုန်လုံး​ ဝိုင်း​​အာကြဖို့​ပဲ​တတ်တယ်​လို့​ထင်မှာလည်း​စိုး​ မိပါတယ်။ ဟုတ်တယ်​လေ။ မဟုတ်တာ​လုပ်​တော့​လည်း​ သူတို့​မဟုတ်​သလိုနဲ့​။ နည်း​နည်း​ပါး​ပါး​ ​စောင်း​ပါး​ရိပ်ခြည်​လေး​ ​ရေး​မိ​ပြောမိရင်

ရန်​တွေ့​လိုက်ကြတာမှ ကက်ကက်ကိုလန်လို့​။ အကျိုး​နည်း​။ ​တော်ပြီ။ ​တော်ပြီ။ ဒင်း​တို့​အ​ကြောင်း​ ​ရေး​လည်း​မ​ရေး​ချင်​တော့​ဘူး​။ ​ ပြောလည်း​မ​ပြောချင်​တော့​ဘူး​။ မုန်း​တယ်။ မုန်း​တယ်။ မုန်း​တယ်။ အ​မြှောက်တစ်သိန်း​´ လို့​ စိတ်ထဲက​နေ ကျိတ်​ပြော​နေတဲ့​သူ​တွေ ရှိ​နေမှာစိုး​လို့​ `ဒီလို မချစ်ဘူး​ မ​ပြောပါနဲ့​´ လို့​ ဒိုး​လုံး​သံ​ပေး​လိုက်ရပါတယ်။ ​ရေး​လို့​လည်း​ရပါတယ်။ တိုင်လို့​လည်း​ရပါတယ်။ အဲဒီလို ​ရေး​ကြတိုင်ကြတာကိုလည်း​ ကြိုဆိုပါတယ်ဗျာ။

တတ်လည်း​တတ်နိုင်လိုက်တာ​နော်။ အမျိုး​မျိုး​ပဲ။ ဟုတ်ဘူး​လား​။ အခု ​ဖေ့​စ်ဘုတ်​ပေါ်မှာ ဆရာဝန်​တွေဘက်က ​ရှေ့​ နေလိုက်တယ်ဆိုတာ ဆရာဝန်​တွေကိုထိရင် ဆတ်ဆတ်ထိ မခံနိုင်လို့​ ကိုယ့်​ဘက်ကိုယ်ကာပြီး​ သူများ​တကာ​တွေကို တီး​ လိုက်ပြန်ပြီ တိန်တိန်မြည်လုပ်​နေတယ်လို့​ထင်ရင် အများ​ကြီး​တောင်း​ပန်ပါတယ်။ ကျွန်​တော်​ရေး​တဲ့​အထဲမှာ မ​ကောင်း​တာ​တွေကို ဖုံး​ကွယ်ထား​ပြီး​ သူများ​အ​ပေါ်အပြစ်ပုံချတဲ့​သ​ဘောပါ​နေရင် ကျွန်​တော့်​ကိုလည်း​ ဆုံး​မကြပါဦး​။ အ​စောကြီး​ကတည်း​က ​ပြောခဲ့​ ပါတယ်။

`ကွင်း​လုံး​ကျွတ်လွတ်ဖို့​ ​လျှော်​ကြေး​မဖြစ်စ​လောက်က​လေး​နဲ့​ ​ကျေ​အေး​သွား​ဖို့​ မရည်ရွယ်ပါဘူး​´ လို့​။ အမှုကိစ္စတစ်ခု ဖြစ်လာတယ်။ လူနာဘက်က နစ်နာသွား​တယ်။ အသက်ဆုံး​ရှံုး​သွား​ရတယ်ဆိုရင် အဲဒီနစ်နာမှုမျိုး​ဖြစ်​စေတဲ့​ ဆရာဝန်ကို ​ ပေါင်ချိန်ကား​ထဲကလို ​ခွေး​ခေါင်း​ဒါး​စက်ကြီး​နဲ့​ စီရင်လိုက်လို့​လည်း​ နစ်နာမှု​ကြောင့်​ ခံစား​ရတဲ့​သောက​ဝေဒနာ​တွေက ​ပြေ​ ပျောက်မသွား​ပါဘူး​။

`​ကောင်း​တယ်။ ဒီဆရာဝန်​တွေကို ဒီလိုလုပ်ပလိုက်မှ ​နောင်ဒါမျိုး​မဖြစ်မှာ´ လို့​လည်း​ ယူဆလို့​မရပါဘူး​။ ခုတ်ရာနဲ့​ ရှရာ တစ်​ နေရာစီမို့​ပါ။

ကျွန်​တော်​ရေး​တဲ့​စာ​တွေရဲ့​ ရည်ရွယ်ချက်က အဲဒီလို စိတ်ဒဏ်ရာအနာတရဖြစ်သွား​တဲ့​လူနာ​တွေ လူနာရှင်​တွေကို ​ဖြေသိမ့်​နိုင်​ အောင် တခြား​တဘက်က ဆရာဝန်​တွေအပိုင်း​မှာ ဘယ်လိုသ​ဘောရှိလို့​ ဒီလိုဖြစ်ပျက်​နေရတယ်ဆိုတာ စာနာခွင့်​လွှတ်နိုင်​အောင် ​ရေး​ပါတယ်။ တခါတခါ ကိုယ်​ရှေ့​နေလိုက်ကာမှ အမှုသစ်​တွေ​ပေါ်လာတာလည်း​ သတိထား​မိပါလိမ့်​မယ်။ ဒါ​ကြောင့်​ ကိုယ့်​ဘက်က အပြစ်​တွေကို ဖုံး​မထား​ဘူး​ဆိုတာ သိနိုင်ပါတယ်။

ဒါ​ပေမယ့်​ အဲဒီအပြစ်အနာအဆာ​တွေကို ​ရေး​ရတဲ့​ရည်ရွယ်ချက်ကလည်း​ `ငါကလွဲရင် ဘယ်သူမှ မ​ကောင်း​ဘူး​´ လို့​ သူများ​ကို အပုပ်ချ အမှတ်ယူတဲ့​သ​ဘော လုံး​ဝမပါပါဘူး​။ ပြုပြင်​စေလိုတဲ့​ ​စေတနာအမှန်နဲ့​ ရိပ်ဖမ်း​သံဖမ်း​သတိ​ပေး​ရင်း​ ​နောက်လူ​ တွေအတုခိုး​မမှား​အောင် အနည်း​ဆုံး​တော့​ ဒီလိုစာမျိုး​တွေ​ရေး​နေတဲ့​ ကိုယ်ကိုယ်တိုင် ​ရှောင်ကျဉ်နိုင်​အောင် ​ရေး​ရခြင်း​ဖြစ်ပါတယ်။ အဲဒီအတွက် တစုံတ​ယောက်ကို ထိခိုက်နစ်နာ​စေတယ်ဆိုရင် ဝန္တာမိပါ။

စာနယ်ဇင်း​တွေမှာ ဆရာဝန်​တွေရဲ့​ မ​ကောင်း​ကြောင်း​တွေကို အတိအလင်း​ ​ရေး​လာကြတယ်။ ​ရှေ့​နေ​တွေကလည်း​ `ဆရာဝန်​တွေ​ကြောင့်​ ထိခိုက်နစ်နာမှု​တွေ ရှိခဲ့​ရင် အမှုသာ မှန်ပ​စေ။ ကိုယ့်​စား​ရိတ်နဲ့​ကိုယ် တရား​စွဲ​ပေး​မယ်။ ​လျှော်​ကြေး​ရမှ ရာခိုင်နှုန်း​နဲ့​ ပြန်​ပေး​` ဆိုတာမျိုး​တွေ အံ့​ဩစရာ မ​ကောင်း​တော့​လောက်​အောင်ကို ​တွေ့​လာရပါတယ်။

အင်တာနက်​ပေါ်မှာဆိုလည်း​ ဘုမသိဘမသိနဲ့​ ဆွမ်း​ကြီး​လောင်း​သလို ဝင်ဆဲသွား​ အား​ပေး​သွား​တာ​တွေ တ​လှေကြီး​ပါ။ ဒါ​ တွေဟာ မလုပ်ရဘူး​။ လုပ်ရဲလုပ်ကြည့်​ မခံဘူး​ လို့​တော့​မ​ပြောပါဘူး​။ လူတိုင်း​မှာ လွတ်လပ်ခွင့်​ရှိပါတယ်။ ကိုယ့်​စိတ်ထဲမှာ ရှိတဲ့​ အတိုင်း​ ​ရေး​သား​ပြောဆို​ဖော်ထုတ်ခွင့်​ရှိရမှာ​ပေါ့​။ ဒါ​ပေမယ့်​ တဘက်​စောင်း​နင်း​မဖြစ်​အောင် တဘက်လူကိုလည်း​ ​ချေပခွင့်​ပေး​ ရမှာ​ပေါ့​။ အရင်​ပြောလို့​ အမှန်မဖြစ်ရဘူး​။ လူကြား​အောင်​အော်နိုင်လို့​ အမှန်မဖြစ်ရဘူး​။ ပိုက်ဆံရှိလို့​ အမှန်မဖြစ်ရဘူး​။ အထက်ကအမိန့်​နဲ့​ စီရင်ချက်ချပြီး​သား​တောင်မှ အမှန်ဟုတ်ချင်မှ ဟုတ်တယ်ဆိုတာ ကိုယ်​တွေ့​ကြံုလာတဲ့​တ​နေ့​သိလာပါလိမ့်​ မယ်။ ဒါ​တွေက ထူး​မှ မထူး​ဆန်း​တော့​ပဲ။ စာနယ်ဇင်း​သမား​တွေကို ကိုယ်ထိလက်​ရောက်​စော်ကား​လို့​မခံနိုင်ပါဘူး​ဆိုပြီး​ တရား​ စွဲကြတုန်း​က​ရော ဘာထူး​ခြား​လို့​လည်း​။ သူ့​အ​ကြောင်း​တွေ မ​ရေး​တော့​ဘူး​ဆိုတာ​တောင် ကိုယ့်​စာနယ်ဇင်း​ထဲကပဲ တဘက်လူကို ​မြှောက်ပင့်​ရေး​သား​ဖော်ပြ​နေကြတုန်း​ပဲ။ ဒီလိုပါပဲ။ ဆရာဝန်မို့​လို့​ ကိုယ့်​ဆရာဝန်​တွေကို ​သေး​သေး​ပဲတင်တင်၊​ လုံး​ကြီး​ပဲတင်တင်၊​ မခံ​ရေး​ချမခံ လို့​ ​အောက်ကမြှင့်​ပြီး​ ဝတ်ဆံပါနှစ်လုံး​ပေါက်ထား​လဲ မဟုတ်တာ​တွေကို ဆက်ပြီး​ သ​ဝေထိုး​နေ​သေး​သ​ရွေ့​ ဒီအသံ​ တွေချည့်​ပဲ ကြား​နေရဦး​မှာပါ။

ဆုတ်ကပ်ကြီး​ထဲမှာ ​ကောင်း​မှုနဲ့​ မ​ကောင်း​မှု၊​ တရား​မှုနဲ့​ မတရား​မှု၊​ ဘယ်ဒင်း​က​အား​သာ​နေသလဲဆိုတာ လူတိုင်း​ အ​ ဖြေသိပြီး​သား​မို့​ ​မေး​စရာ​တောင်မလို​တော့​ပါဘူး​။ ဒီသဘာဝ​ သ​ဘောတရား​အတိုင်း​ပဲ ကျွန်​တော်တို့​ကျန်း​မာ​ရေး​ဝန်ထမ်း​ နယ်ပယ်မှာလည်း​ ဘယ်သူ​တွေ အား​သာ အနိုင်ရ​နေမလဲဆိုတာ သိသာနိုင်ပါတယ်။ ဘယ်ဌာနသွား​သွား​ အတူတူပဲ​လေ။ ဘာမှမထူး​ဘူး​။ ဒါ​ပေမယ့်​ မသာအိမ်မှာ ဖဲလိမ်ရိုက်တာထက် ဘုန်း​ကြီး​ကျောင်း​မှာ ဖိနပ်ခိုး​တာက ပိုပြီး​ အပြစ်ကြီး​သ​ ယောင်ရှိတယ်​လေ။ မအပ်စပ်တဲ့​ ​နေရာမို့​လို့​ပါ။

ဘိုး​စဉ်​ဘောင်ဆက် ဆရာဝန်ကို သမား​ရယ်လို့​ တ​လေး​တစား​ဆက်ဆံလာခဲ့​ရာက သူတို့​လည်း​ လူထဲကလူပဲဆိုပြီး​ လူပီသပြတဲ့​အခါ ယူကြံုး​မရဖြစ်ရတာလည်း​ ပါမှာ​ပေါ့​။ သူကလည်း​ ဆရာဝန်​လေး​ဖြစ်ရုံရှိ​သေး​ သံဃာစင်​ပေါ်ကကို မဆင်း​တော့​ ဘူး​လို့​ ထင်​နေပါဦး​မယ်။ တကယ်​တော့​ သူများ​လေး​စား​တာ မ​လေး​စား​တာထက် ကိုယ့်​ကိုယ်ကို ​လေး​စား​နိုင်ဖို့​က ပို အ​ရေး​ကြီး​ ပါတယ်။ တ​နေ့​တ​နေ့​ မှန်ထဲကြည့်​ကြည့်​ပြီး​ ကိုယ့်​ကိုယ်ကို ကြည်ညိုမဆုံး​ဖြစ်​နေတဲ့​သူ​တွေကို ​ပြောတာမဟုတ်ဘူး​နော်။ မြန်မာ​ ဝေါဟာရ​တွေထဲက ကျက်သ​ရေ၊​ ဩဇာ၊​ သိက္ခာ သမာဓိ ဆိုတာ​တွေဟာ ကိုယ်ကျင့်​တရား​မပါပဲ တည်​ဆောက်လို့​မရနိုင်ပါဘူး​။ ပိုက်ဆံနဲ့​ဝယ်လို့​မရသလို အာဏာနဲ့​လည်း​ သိမ်း​ယူလို့​မရပါဘူး​။ ရခဲ့​ရင်​တောင် အဲဒါ အစစ်မဟုတ်​တော့​ဘူး​။

ကျွန်​တော်တို့​ဆေး​လောကထဲမှာ အဲဒီလို သိက္ခာ သမာဓိရှိပြီး​ ဩဇာတိက္ခိကကြီး​မား​တဲ့​ ဆရာကြီး​ဆရာမကြီး​တွေ အထင်အရှား​ ရှိခဲ့​ဖူး​ပါတယ်။ တချို့​ဆို ခုထိ​တောင် အသက်ထင်ရှား​ရှိတုန်း​ပါ။ စိတ်ပူစရာ​ကောင်း​တာက အဲဒီမျိုး​ဆက်​တွေ ကုန်သွား​တဲ့​အခါ အ​မွေဆက်ခံမယ့်​သူ ဘယ်သူမှ မရှိမှာစိုး​တာပါ။ အဟီရိက အ​နောတပ္ပတရား​တွေ​ကြောင့်​ မ​ကောင်း​တဲ့​ အကုသိုလ်အမှု​တွေကို မရှက်နိုင် မ​ကြောက်နိုင် ဆင်​ခြေအမျိုး​မျိုး​နဲ့​ ကျူး​လွန်​နေကြတဲ့​လူ​တွေထဲမှာ လူထဲကလူဖြစ်တဲ့​ ဆရာဝန်​ တွေလည်း​ ပါ​နေပါတာ​ကြောင့်​ ဆင်ခြင်နိုင်​အောင် မလွှဲသာမ​ရှောင်သာ ကိုယ့်​ပေါင်ကိုယ်လှန်​ထောင်း​မိပါတယ်။

မင်း​ထောင်း​တော့​ ​စေတနာနဲ့​ ငါတို့​ထောင်း​တော့​ မှ ​ဝေဒနာဖြစ်ရသလား​ဆိုရင်ဖြင့်​ နည်း​နည်း​ရှင်း​ပြရပါဦး​မယ်။ တကယ်တမ်း​ မဟုတ်မတရား​လုပ်တတ်တဲ့​ ဆရာဝန်များ​ဟာ ပြဿနာ​ပေါ်ခဲပါတယ်။ ​ပေါ်လာခဲ့​ရင်လည်း​ ကြီး​မလာ​အောင် သူတို့​ဘာသာ ကြိတ်ရှင်း​တတ်ပါတယ်။ သူတို့​အတွက် ပြဿနာဆိုတာ အဆန်း​မဟုတ်​တော့​ပဲကိုး​။ အ​လျော်အစား​တစ်ခုလို သ​ဘောထား​ တတ်ပါတယ်။ ဒီတလှည့်​လျော်လိုက်လည်း​ ​နောက်အလှည့်​ကျ ပြန်စား​မယ်လို့​ ပြင်ထား​ပြီး​သား​ပါ။

မ​ကောင်း​တဲ့​ အကုသိုလ်အမှုနဲ့​ ကျင်လည်စွာလုပ်စား​တတ်သူများ​မို့​ သူတို့​ဘက်ကလုံ​အောင်လည်း​ ​ဘေး​ရန်ဆီး​ကာအမှုများ​ကို လုံလစိုက်ထား​တာ​ပေါ့​။ ဥပမာ `မည်သူ့​ကိုမှ လာင်္ဘလာဘမ​ပေး​ရပါ´ လို့​ လက်မှတ်ထိုး​ခိုင်း​ပြီး​မှ `အလှူ​ငွေက​လေး​ထည့်​ခဲ့​ပါဦး​´ ဆိုတာဟာ ပြက်လုံး​တစ်ခုမဟုတ်ပါဘူး​။ ကွိုင်ပူလာရင် ဘယ်ခလုပ်ကို​ပြေး​ပိတ်ရမယ်ဆိုတာလည်း​ သိလွန်း​အား​ကြီး​လို့​ အဲလိုလူမျိုး​တွေဆီက ဘယ်​သောအခါမှ ​ညှော်နံ့​တောင်မထွက်ပါဘူး​။ ဒါ​ပေမယ့်​ ဆန်ခိုး​မမိ ဖွဲခိုး​မိတဲ့​အခါမှ သူတို့​အ​ပေါ်​အောင်း​ ထား​ရတဲ့​ ​ဒေါသစိတ်​တွေဟာ ဆွမ်း​ခံရင်း​ ငှက်သင့်​တဲ့​သူအ​ပေါ် နူရာဝဲစွဲ လဲရာသူခိုး​ထောင်း​ဖြစ်ပါတယ်။ ဒါ​ကြောင့်​မို့​ ခုတ်ရာတခြား​ ရှရာတလွဲလို့​ ​ပြောတာ။

အဲဒီမ​ကောင်း​တဲ့​သူ​တွေက မတရား​မှု​တွေပြု​နေတာကို ​ရေငုံ​နေကြရင်ဖြင့်​ ငါတို့​လုပ်ချင်တိုင်း​လုပ်လို့​ရပဟဲ့​ ဆို ထင်တိုင်း​ ကြဲကုန်ရင် မခက်ပါလား​။ ဒါ​ကြောင့်​ ​ရေး​လည်း​ ​ရေး​ ​ပြောလည်း​ပြော​ပေါ့​။ သူတို့​က သူတို့​နည်း​သူတို့​ဟန်နဲ့​ ​ဖြေရှင်း​သလို သူတို့​ လိုမဟုတ်ပဲ မှန်​နေလျက်သား​နဲ့​ စကား​နည်း​ရန်စဲ မကာကွယ်​တော့​တဲ့​သူ​တွေအတွက်ကြား​ဝင်ဖြန်​ဖြေ​ပေး​ချင်ပါတယ်။ လူဆိုတာ မ​ကောင်း​တဲ့​သူကြား​ရောက်သွား​ရင် မ​ကောင်း​တဲ့​ အကျင့်​စရိုက်ဆိုး​တွေ ကူး​စက်တတ်တာ ဓမ္မတာပါ။ ​ကောင်း​တဲ့​သူ​တွေလည်း​ ရှိ​ သေး​ပါလား​ဆိုတဲ့​ အသိက​လေး​မြဲ​နေမှ မ​ကောင်း​တဲ့​ ပတ်ဝန်း​ကျင်ဆိုး​ကို ကြံ့​ကြံ့​ခံနိုင်ပါလိမ့်​မယ်။ ဒါ​ကြောင့်​မို့​ ဆရာဝန်​တွေထဲက နမူနာ​ကောင်း​က​လေး​တွေကို ဟိုကသည်က ရှာကြံ​ရေး​သား​တဲ့​အခါ ကြား​ရဖတ်ရသူလည်း​စိတ်ချမ်း​သာ အား​ ကျအတုယူစရာလည်း​ဖြစ် မ​ကောင်း​တာ​တွေကို အမှုမဲ့​ အမှတ်မဲ့​ ပြုမိတဲ့​အခါမှာလည်း​ ရှက်တဲ့​ကြောက်တဲ့​စိတ်​တွေဝင်လာပြီး​ ဆင်ခြင်နိုင်မလား​လို့​ ​မျှော်လင့်​မ်ိပါတယ်။

မ​ကောင်း​တဲ့​သူ​တွေကို ထိုက်တန်တဲ့​အပြစ်​ပေး​ရမယ်ဆိုတာက​တော့​ ကိုယ်က ​ပေါင်ချိန်လည်း​မဟုတ်၊​ ပဝမ်ရယ်လည်း​မဟုတ်၊​ အမှုကို မီး​ခိုး​ကြွက်​လျှောက်လိုက်ပြန်ရင်လည်း​ ဝမ်ရှဆီမှာ ဆုံး​နေရင် အခက်။ သိကြား​မင်း​ကြီး​တောင် လိုင်း​ကြေး​မှန်မှန်ရ​နေလို့​ မသိမကြား​မင်း​ကြီး​လုပ်​နေပြီး​ သူ့​ဝရဇိန်လက်တက်ကြီး​ကို တရုတ်ပြည်က မိုး​နတ်မင်း​ကြီး​ဆီ ​ရောင်း​စား​ထား​သလား​မှ မသိတာ။ ဘယ်သူဘာလုပ်လုပ် မလုပ်လုပ် ကိုယ်စိုက်တဲ့​အသီး​ ကိုယ်ပြန်စား​ရတာ ဘယ်ဘုရား​သခင်ကမှ မဆန့်​ကျင်ထား​တဲ့​ သစ္စာတရား​ ကြီး​ပါ။

` ကလျာဏံဝါ ​ကောင်း​သည်လည်း​ဖြစ်​သော ပါပကံဝါ မ​ကောင်း​သည်လည်း​ဖြစ်​သော ယံကမ္မံ အကြင်ကံကို ကရိဿာမိ ပြူငြား​အံ့​။ တဿ ကမ္မဿ ထို​ကောင်း​မှု မ​ကောင်း​မှုကံ၏ ဒါယာ​ဒေါ ​ကောင်း​မွေဆိုး​မွေခံသည် ဘဝိဿတိ ဖြစ်ရ​ချေ၏´ လို့​ အဘိဏှသုတ်ထဲမှ မြတ်စွာဘုရား​ရှင် ​ဟော​တော်မူခဲ့​ပါတယ်။ ကိုယ်​တွေ့​ကြံုဖူး​မြင်ဖူး​တဲ့​ သာဓက​တွေလည်း​ အများ​ကြီး​ ရှိခဲ့​ပါပြီ။ ဒါ​ကြောင့်​မို့​ ဘယ်ဟာ​တွေက ဘယ်လိုမ​ကောင်း​ဘူး​ဆိုတာကို ကိုယ်ချင်း​စာစိတ်က​လေး​နဲ့​ ဆင်ခြင်​ရှောင်ရှား​ကြရ​အောင်​နော်။ `တ​ လောကလုံး​ လုပ်​နေကြတာပဲ´၊​ တစ်တက်စား​လည်း​ကြက်သွန် နှစ်တက်စား​လည်း​ကြက်သွန်ပါပဲ´၊​ အူမ​တောင့်​မှ သီလ​စောင့်​နိုင်မှာ´ စတဲ့​ ဆင်​ခြေ​တွေကို ​မေ့​ပစ်လိုက်ကြပါစို့​။ ​ပြောရတာ​တော့​ အလွယ်သား​ကွယ်။ သီချင်း​လေး​ပဲ ဆက်ဆိုပါ​တော့​။

`နဖူး​ပေါ်လက်တင် စဉ်း​စား​လိုက်ရင် ငါ​လေစိတ်​မောတယ်….´

စိုး​မင်း​

LEAVE A REPLY

Please enter your comment!
Please enter your name here