ကြွက်အရှင်စား​သည့်​ အ​မေရိကန်​နိုင်ငံသား​ တရား​စွဲခံရ

alt

အ​မေရိကန်နိုင်ငံမှ အမျိုး​သား​တစ်ဦး​မှာ ကြွက်တစ်​ကောင်ကို အရှင်စား​သောက်မှု​ကြောင့်​ တရား​စွဲဆိုခြင်း​ ခံထား​ရ​ကြောင်း​ သိရသည်။

ယူတား​တွင် ​နေထိုင်​သော အန်ဒီ​ရေး​ ဟား​ရစ်သည် ကြွက်​ပေါက်​လေး​ကို အရှင်လတ်လတ် စား​သောက်​နေသည့်​ ဗီဒီယိုအား​ Facebookမှတဆင့်​ လွှင့်​တင်ပြသခဲ့​သည်။ ​သေး​ငယ်ပြီး​ အ​မွေး​အမှင် မရှိ​သော ကြွက်က​လေး​အား​ ပါး​စပ်ထဲ ထည့်​ နေပုံကို ဟား​ရစ်က ရိုက်ကူး​ပြသခဲ့​ခြင်း​ဖြစ်သည်။

၎င်းသည် ကြွက်က​လေး​ကို ဝါး​စား​ပြီး​နောက် ​ရေ​သောက်လိုက်သည်အထိ ဗီဒီယိုက ရိုက်ယူထား​ခြင်း​ဖြစ်သည်။ ထိုဗီဒီယိုကို ​တွေ့​ရှိပြီး​နောက် တိရစ္ဆာန် ​စောင့်​ရှောက်​ရေး​ အသင်း​တစ်ခုဖြစ်သည့်​ PETAက ​ တွေ့​ရှိခဲ့​ပြီး​နောက် ဟား​ရစ်အား​ တိရစ္ဆာန်များ​အ​ပေါ် ရက်စက်စွာ ပြုမူမှုဖြင့်​ တရား​စွဲဆိုခဲ့​ခြင်း​ဖြစ်သည်။

PETAမှ တာဝန်ရှိသူ တစ်ဦး​ဖြစ်သည့်​ မာတင် မာဆီယူက မိမိတို့​ အသင်း​အဖွဲ့​သည် ရက်စက်လှသည့်​ မြင်ကွင်း​မျိုး​ ပါရှိ​သော အဆိုပါ ထိတ်လန့်​ဖွယ် ဗီဒီယိုကို မတ်လအတွင်း​က လက်ခံရရှိခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here