နိုင်ငံခြား​သား​​​အလုပ်သမား​​များ​​ကြောင့်​ စင်ကာပူ​​​သောက်သုံး​ရေ ညစ်ညမ်း​​မှုများ​ ဖြစ်​ပေါ်

alt

စင်္ကာပူတွင် နိုင်ငံခြား​ အလုပ်သမား​များ​ကြောင့်​ ​သောက်သုံး​ရေ ညစ်ညမ်း​မှုများ​ ဖြစ်​ပေါ်နိုင်သည့်​ အလား​အလာနှင့်​ ပတ်သက်ပြီး​ ကြီး​ကြီး​မား​မား​ စိုး​ရိမ်​နေ​ကြောင်း​ သိရသည်။

အင်ဒိုနီး​ရှား​ အမျိုး​သမီး​ အိမ်​ဖော်တစ်ဦး​ကို သတ်ဖြတ်ကာ ​သောက်သုံး​ရေကန်အတွင်း​ ​ဖျောက်ဖျက်ခဲ့​မှု ဖြစ်​ပေါ်ခဲ့​ပြီး​နောက် စင်္ကာပူ နိုင်ငံသား​ အများ​အပြား​က နိုင်ငံခြား​ အလုပ်သမား​ အများ​အပြား​သည် ​ခေါင်မိုး​ပေါ်ရှိ ​သောက်​ရေကန်များ​ကို မဆီမ​လျော် အသုံး​ပြုမှုများ​ ရှိ​နေ​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။

အချို့​ကနိုင်ငံခြား​သား​များ​သည် ​ရေတိုင်ကီများ​ထဲ ဝင်​ရောက်ပြီး​ ​ရေချိုး​လေ့​ရှိ​ကြောင်း​ စွပ်စွဲခဲ့​သည်။ ထို့​အပြင် ​ရေ​လှောင်ကန်များ​ ထား​ရှိရာ အခန်း​များ​သို့​ အမျိုး​သမီး​များ​ ​ခေါ်လာပြီး​နောက် လိင်ဆက်ဆံ​လေ့​ ရှိကြသည်ဟုလည်း​ စင်္ကာပူတို့​က ယုံကြည်လျက်ရှိသည်။

နိုင်ငံခြား​ အလုပ်သမား​များ​သည် ထိုအခန်း​များ​ထဲတွင် လိင်ဆက်ဆံပြီး​နောက် ​ရေ​လှောင်ကန်ထဲဆင်း​ကာ ​ရေချိုး​လေ့​ရှိ​ကြောင်း​ စွပ်စွဲမှုများ​လည်း​ ထွက်​ပေါ်​နေသည်။ ထို့​ကြောင့်​ အိမ်​ခေါင်မိုး​များ​ပေါ် တင်ထား​သော ​သောက်​ရေ​လှောင်ကန်များ​တွင် လုံခြံု​ရေး​ဆိုင်ရာ တင်း​ကြပ်မှုများ​ ပြုလုပ်သင့်​ပြီဟု ​ဝေဖန်မှုများ​ ကျယ်ကျယ်ပြန့်​ပြန့်​ ထွက်​ပေါ်လျက်ရှိသည်။

HDBအ​ဆောက်အအုံ ​ခေါင်မိုး​ပေါ်တွင် အင်ဒိုနီး​ရှား​ အမျိုး​သမီး​တစ်ဦး​ အသတ်ခံရပြီး​နောက် ​သောက်​ရေ​လှောင်ကန်ထဲ ထည့်​ထား​မှုကို စင်္ကာပူ ရဲများ​က မကြာ​သေး​မီက ​ဖော်ထုတ်​တွေ့​ရှိခဲ့​သည်။ ​မေလ ၁၆ ရက်​နေ့​ လူသတ်မှုနှင့်​ ပတ်သက်ပြီး​ ဘင်္ဂလား​ဒေ့​ရှ် လူမျိုး​တစ်ဦး​ကို စွဲချက်တင်ထား​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here