ဂျက်ဆတင်ဘီဘာ၏ ကိုယ်ရံ​တော်များ​နှင့်​ ရဲတပ်ဖွဲ့​ဝင်တို့​ ခိုက်ရန်ဖြစ်ပွား​

alt

ဂျက်ဆတင် ဘီဘာ၏ ကိုယ်ရံ​တော်များ​နှင့်​ ရဲတပ်ဖွဲ့​ဝင် တစ်ဦး​တို့​ နား​လည်မှုလွဲပြီး​ ခိုက်ရန်ဖြစ်ပွား​ခဲ့​ကြောင်း​ သိရသည်။

ဇွန်လ ၂၃ ရက်​နေ့​က နယူး​ယောက်ရှိ စတိုး​ဆိုင်တစ်ခုတွင် ဘီဘာအား​ ရန်ပြုရန် ကြိုး​စား​သူ တစ်ဦး​အား​ ဘီဘာ၏ သက်​တော်​စောင့်​ များ​က တား​ဆီး​ရန် အပြန်အလှန် တိုက်ခိုက်ခဲ့​ကြောင်း​ သတင်း​များ​ ထွက်​ပေါ်ခဲ့​သည်။

သို့​သော်လည်း​ ဘီဘာအနီး​ ချဉ်း​ ကပ်လာသူမှာ နယူး​ယောက်မှ အရပ်ဝတ် ရဲတစ်ဦး​သာဖြစ်ပြီး​ ဘီဘာအနီး​သို့​ ပရိသတ်များ​ စုပြံုလာခြင်း​ကို ကူညီ​ပေး​ရန် အလျင်စလို လာ​ရောက်ခဲ့​ခြင်း​ဟု TMZက ​ဖော်ပြခဲ့​သည်။ သို့​သော်လည်း​ အသက် ၁၇ နှစ်အရွယ် က​နေဒါ အဆို​တော်​လေး​၏ ကိုယ်ရံ​တော်များ​နှင့်​ နား​လည်မှုလွဲကာ ထိုး​ကြိတ်ခဲ့​ကြခြင်း​ဖြစ်သည်။

ထိုကိစ္စအား​ အတင်း​အဖျင်း​ ဝက်ဆိုက်များ​ကို ဘီဘာတစ်​ ယောက် လူတစ်ဦး​၏ ရန်ပြုခြင်း​ ခံခဲ့​ရသည်ဟု ​ရေး​သား​ဖော်ပြခဲ့​ကြသည်။ ဘီဘာသည် Somedayအမည်ရှိ ၎င်းမှတ်ပုံတင်ထား​သော ​ရေ​မွှေး​အတွက် ​ကြော်ငြာရန် ထို​နေရာသို့​ ​ရောက်ရှိ​နေခြင်း​ဖြစ်ပြီး​ ပရိသတ်များ​က ယင်း​ထံ ဝိုင်း​အုံချဉ်း​ကပ်လာသည်ကို အရပ်ဝတ် ရဲက အကူအညီ​ပေး​ရန် ကြိုး​စား​ခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here