ကမ္ဘာ့​ရေး​ရာ ကိစ္စများ​တွင် ကုလသမဂ္ဂ၏ ဦး​ဆောင် အခန်း​ကဏ္ဍသည် ​လျော့​ကျသွား​ခြင်း​မရှိဟု ဘန်ကီးမွန်း ပြောကြားသွား

alt

ကုလသမဂ္ဂ အ​ထွေ​ထွေ အတွင်း​ရေး​မှူး​ ဘန်ကီမွန်း​က ၎င်းအား​ ဒုတိယ ၅ နှစ်သက်တမ်း​အတွက် အတည်ပြု ​ရွေး​ချယ်ပြီး​နောက် ကုလသမဂ္ဂသည် အမြဲတမ်း​ ဦး​ဆောင်သူအဖြစ် ရှိ​နေမည်ဟု ​ပြောကြား​လိုက်သည်။

၁၉၂ ခု​သော အဖွဲ့​ဝင် နိုင်ငံများ​က ​တောင်ကိုရီး​ယား​သား​၏ ဒုတိယ သက်တမ်း​အတွက် စုရုံး​ထောက်ခံခဲ့​ပြီး​နောက် ဘန်က ယခုလို ​ပြောဆိုသွား​ခြင်း​ဖြစ်သည်။ ဘန်ကီမွန်း​က ကမ္ဘာ့​ရေး​ရာ ကိစ္စများ​တွင် ကုလသမဂ္ဂ၏ ဦး​ဆောင် အခန်း​ကဏ္ဍသည် ​လျော့​ကျသွား​ခြင်း​ မရှိ​သေး​ဟုဆိုသည်။

မိမိတို့​သည် အလုပ်တာဝန်များ​ကို ခွဲ​ဝေရယူထား​ဆဲဖြစ်​ကြောင်း​၊​ ကုလသမဂ္ဂသည် ကမ္ဘာ့​ဦး​ဆောင် ​နေရာတွင် ရှိ​နေဆဲဖြစ်ပြီး​ ပိုမိုခက်ခဲ ​လေး​နက်​သော အရှုပ်အ​ထွေး​များ​ကို တာဝန်ယူ ​ဖြေရှင်း​ပေး​ရန် အသင့်​ရှိ​နေ​ကြောင်း​ ဘန်က ​ပြောဆိုသွား​သည်။

လွန်ခဲ့​သော ၆၅ နှစ်လုံး​လုံး​ ကုလသမဂ္ဂသည် လူ့​အခွင့်​အ​ရေး​နှင့်​ အခြား​သော ကိစ္စ အရပ်ရပ်တို့​တွင် အ​ကောင်း​ဆုံး​ စံနမူနာပြု ဦး​ဆောင်​ဖြေရှင်း​ပေး​ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ဘန်သည် ဒုတိယ သက်တမ်း​ကို ၂၀၁၂ ခုနှစ် ဇန်နဝါရီလ ၁ ရက်​နေ့​တွင် စတင်ထမ်း​ဆောင်မည်ဖြစ်ပြီး​ ၂၀၁၆ ဒီဇင်ဘာ ၃၁ ရက်​နေ့​ထိ တာဝန်ယူရမည်ဖြစ်သည်။ ဘန်အား​ ကုလသမဂ္ဂ လုံခြံု​ရေး​ကောင်စီ အမြဲတမ်း​ အဖွဲ့​ဝင် နိုင်ငံများ​က ဒုတိယ သက်တမ်း​အတွက် အ​လေး​ထား​ ​ထောက်ခံခဲ့​ကြ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here