NATO စစ်မဟာမိတ် အဖွဲ့​မှမောင်း​သူမဲ့​ ​ထောက်လှမ်း​ရေး​ ရဟတ်ယာဉ် တစ်စင်း​ ပျက်ကျခဲ့​ကြောင်း​ ပြောကြား

alt

NATO စစ်မဟာမိတ် အဖွဲ့​က လစ်ဗျား​နိုင်ငံအတွင်း​ ပြုလုပ်​နေသည့်​ ​လေ​ကြောင်း​ ထိုး​စစ်အတွင်း​ မိမိတို့​ပိုင် ​မောင်း​သူမဲ့​ ​ထောက်လှမ်း​ရေး​ ရဟတ်ယာဉ် တစ်စင်း​ ပျက်ကျခဲ့​ကြောင်း​ အတည်ပြု ​ပြောကြား​ခဲ့​သည်။

Fire Scoutဟု အမည်​ပေး​ထား​သော MQ-8B အမျိုး​အစား​ ရဟတ်ယာဉ်​လေး​မှာ ဇလီတန် မြို့​အနီး​တွင် ​ရေဒါမြင်ကွင်း​မှ ​ပျောက်ကွယ်သွား​ကြောင်း​ NATOအဖွဲ့​ဝင် အ​မေရိကန် ကာကွယ်​ရေး​ ဝန်ကြီး​ ဌာန တာဝန်ရှိသူများ​က ​ပြောကြား​ခဲ့​သည်။ အ​မေရိကန်က Fire Scout ရဟတ်ယာဉ်ငယ် ၂ စင်း​ကို လစ်ဗျား​တွင် အသုံး​ပြု​နေ​ကြောင်း​ ​ ပြောကြား​ခဲ့​သည်။

ထို​လေယာဉ်​လေး​များ​ကို ​မြေထဲပင်လယ်ရှိ အ​မေရိကန် စစ်သ​င်္ဘောက ထိန်း​ချုပ်​ပေး​နေခြင်း​ဖြစ်သည်။ လစ်ဗျား​ စစ်တပ်က မိမိတို့​သည် NATO တိုက်ခိုက်​ရေး​ ရဟတ်ယာဉ် တစ်စင်း​ကို ပစ်ချလိုက်​ကြောင်း​ ​ကြေညာခဲ့​သော်လည်း​ အ​မေရိကန် ငြင်း​ ဆန်သွား​သည်။ မိမိတို့​ ဆုံး​ရှံုး​ခဲ့​သည်မှာ အဆင့်​မြင့်​ ကင်မရာများ​ တပ်ဆင်ထား​သည့်​ ​ထောက်လှမ်း​ရေး​ ရဟတ်ယာဉ် တစ်စင်း​သာဖြစ်​ ကြောင်း​ အ​မေရိကန်က ​ကြေညာခဲ့​သည်။ ​

ထောက်လှမ်း​ရေး​ ရဟတ်ယာဉ် အပစ်ချ ခံရခြင်း​နှင့်​ ပတ်သက်ပြီး​ အဓိက အား​နည်း​သော အချက်အလက်များ​ကို ရှာ​ဖွေ​နေဆဲဟု စစ်ဖက်က ​ပြောကြား​ခဲ့​သည်။ လစ်ဗျား​ အာဏာရှင် မူအမ်မာ ဂဒါဖီ၏ တပ်ဖွဲ့​များ​သည် ဇလီတန်နှင့်​ မစ်ရာတာ မြို့​များ​ကြား​တွင် စစ်​ရေး​အရ လှုပ်ရှား​မှုများ​ ပြုလုပ်​နေဆဲဖြစ်သည်။

အ​မေရိကန် စစ်ဖက်သည် Fire Scout ​လေယာဉ်​ပေါင်း​ ၁၅ စင်း​ထိ အသုံး​ပြုရန် စီစဉ်ထား​ပြီး​ လက်ရှိတွင် ၃ ခုကို စစ်ဆင်​ရေး​များ​ စတင်​ဆောင်ရွက်​နေပြီဖြစ်သည်။ ကျန် ၁၂ စင်း​ကို ၂၀၁၂ ခုနှစ်တွင် လက်​တွေ့​အသုံး​ချသွား​ရန် စီစဉ်ထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here