မန်ယူ​နောက်ခံလူ ဝက်စ်ဘ​ရောင်း​ ​ဘော်လ်တန်သို့​ ​ပြောင်း​ရွှေ့​ရန်နီး​စပ်

alt

မန်ချက်စတာ ယူနိုက်တက် ​နောက်ခံလူ ဝက်စ်ဘ​ရောင်း​သည် ​ဘော်လ်တန်အသင်း​သို့​ ​ပြောင်း​ရွှေ့​ရန် နီး​စပ်​နေ​ကြောင်း​ သိရသည်။

ဆန်း​ ဒါး​လန်း​ အသင်း​က ၎င်းကို စိတ်ဝင်စား​နေ​သော်လည်း​ အင်္ဂလန် လက်​ရွေး​စင်​ဟောင်း​သည် ဂယ်ရီကာ​ဟေး​လ်အစား​ ​ဘော်လ်တန်က ကမ်း​ လှမ်း​မှုကို လက်ခံဖွယ် ရှိ​နေ​ကြောင်း​ သတင်း​များ​က ​ဖော်ပြခဲ့​သည်။

​ဘော်လ်တန် ခံစစ်မှူး​ ကာ​ဟေး​လ်သည် မန်ချက်စတာ စီး​တီး​သို့​ ​ ပြောင်း​ရွှေ့​ရန် နီး​စပ်​နေပြီး​နောက် ​ဘော်လ်တန်ကလည်း​ အသက် ၃၁ နှစ်ရှိ ဘ​ရောင်း​အား​ ချိတ်ဆက်ခဲ့​သည်။ ဆန်း​ဒါး​လန်း​သည် ယူနိုက်တက်၏ အ​တွေ့​အကြံုရင့်​ ကစား​သမား​ဖြစ်​သော ဘ​ရောင်း​နှင့်​ ဂျွန်အို​ရှေး​တို့​အပြင် လူငယ်ကွင်း​လယ်ကစား​သမား​ ဒါရွန်ဂစ်ဘ်ဆန်ကိုပါ ၃ ​ယောက်​ပေါင်း​ ​ပေါင်စတာလင် ၁၂ သန်း​ဖြင့်​ ကမ်း​လှမ်း​ထား​ခဲ့​သည်။ ​ဘော်လ်တန် မန်​နေဂျာ အိုဝင်ကွိုင်လီက ဘ​ ရောင်း​၏ အ​ခြေအ​နေကို စုံစမ်း​လျက်ရှိပြီး​ ​ပေါင် ၅ သန်း​ ဝန်း​ကျင်ဖြင့်​ ကမ်း​လှမ််း​နိုင်မည်ဟု ​မျှော်လင့်​နေသည်။

ဘ​ရောင်း​သည် ပြီး​ခဲ့​သည့်​ ​ ဘောလုံး​ရာသီက ယူနိုက်တက်အတွက် ၁၅ ပွဲသာ ကစား​ခဲ့​ရပြီး​ ပုံမှန်​နေရာ ​ပျောက်ဆုံး​ခဲ့​ရသည်။ အခြား​သော သတင်း​များ​အရ ယူနိုက်တက်၏ ​မြောက်အိုင်ယာလန် လူငယ်ကစား​သမား​ ဂစ်ဘ်ဆန်သည်လည်း​ ဆန်း​ဒါး​လန်း​သို့​ ​ပြောင်း​ရွှေ့​ရန် သ​ဘောတူညီမှု ရရှိထား​ ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here