ဂျပန်နိုင်ငံမှ ကမ္ဘာ့​အမြန်ဆုံး​ စူပါကွန်ပျူတာ

alt

ဂျပန်နိုင်ငံက Kဟု အမည်​ပေး​ထား​သည့်​ စူပါကွန်ပျူတာ တစ်လုံး​ကို ကမ္ဘာ့​အမြန်ဆုံး​ ကွန်ပျူတာအဖြစ် ထုတ်ပြန်​ကြေညာလိုက်သည်။

K၏ စွမ်း​ဆောင်မှု အရည်အ​သွေး​သည် သာမန်အိမ်သုံး​ ကွန်ပျူတာ အလုံး​တစ်သန်း​စာနှင့်​ ညီမျှသည်။ Fujitsu ကုမ္ပဏီသည် Kအတွက် အစဉ်တစိုက် မြှင့်​တင်မှုများ​ ပြုလုပ်ခဲ့​ပြီး​နောက် ယခုအခါ ကွန်ပျူတာ၏ လုပ်​ဆောင်ချက်သည် တစ်စက္ကန့်​လျင် ၈ ကွာဒြာလီယမ် ပမာဏထိ တွက်ချက်မှုများ​ကို ​ဆောင်ရွက်နိုင်​နေပြီဖြစ်သည်။ ၁ ကွာဒြာလီယမ်သည် အကြိမ် ၁၀၀၀၀၀၀၀၀၀၀၀၀၀၀၀ နှင့်​ ညီမျှမည်ဖြစ်သည်။

Kသည် တရုတ်နိုင်ငံ၏ Tianhe- 1Aက ၆ လလုံး​လုံး​ သိမ်း​ပိုက်ထား​သည့်​ ကမ္ဘာ့​အမြန်ဆုံး​ ကွန်ပျူတာဆို​သော ဂုဏ်ပုဒ်ကို လက်လွှဲယူနိုင်ခဲ့​သည်။ ဂျပန်နိုင်ငံ၏ စူပါကွန်ပျူတာမှာ လက်ရှိတွင် ကမ္ဘာ့​အမြန်ဆုံး​အဖြစ် ရပ်တည်​နေနိုင်သည့်​တိုင် ကမ္ဘာ​ပေါ်တွင် အမြန်ဆုံး​ စူပါကွန်ပျူတာ အလုံး​ရေ အများ​ဆုံး​ ပိုင်ဆိုင်​နေမှုတွင် အ​မေရိကန်က ဦး​ဆောင်​နေဆဲဖြစ်သည်။ ထိပ်ဆုံး​ ၁၀ ​နေရာတွင်ပင် အ​ မေရိကန်၏ စူပါကွန်ပျူတာ အ​ရေအတွက်သည် ၄ လုံး​ဖြင့်​ အများ​ဆုံး​ ပါဝင်လျက်ရှိသည်။ Kသည် Circuitလမ်း​ကြောင်း​ ၆၇၂ ခုဖြင့်​ သွယ်တန်း​ချိတ်ဆက်ကာ CPUအလုံး​ပေါင်း​ ရ၀၀၀၀ ​ကျော်ဖြင့်​ ​မောင်း​နှင်လည်ပတ်လျက်ရှိသည်။

၎င်းအတွက် အသုံး​ပြုရ​သော ဓာတ်အား​ ပမာဏဖြင့်​ လူ​နေအိမ်​ခြေ ၁၀၀၀၀ ​ကျော် လုံ​လောက်စွာ အသုံး​ပြုနိုင်သည်။ Kကို ပုံမှန်ထိန်း​သိမ်း​ ​မောင်း​နှင်​ပေး​နေခြင်း​ကြောင့်​ Fujitsu အ​ နေနှင့်​ နှစ်စဉ် ​ပေါင်​ငွေ ၆ သန်း​စီ ကုန်ကျ​နေ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here