၆ ပတ်အရွယ်က​လေး​ငယ်အား​ မီး​ဖိုထဲထည့်​သတ်သည့်​ အ​မေရိကန်အမျိုး​သမီး​အား​ ဖမ်း​ဆီး​

alt

အ​မေရိကန်နိုင်ငံတွင် မိမိ၏ က​လေး​ကို မိုက္ကရို​ဝေ့​ဗ် မီး​ဖိုထဲ ထည့်​သတ်ခဲ့​သည်ဟု ယူဆရ​သော အမျိုး​သမီး​ တစ်ဦး​အား​ ရဲများ​က ဖမ်း​ဆီး​ ထား​လိုက်သည်။

ကယ်လီဖိုး​နီး​ယား​တွင် ​နေထိုင်​သော ကာယန်း​သည် ယခုအခါ ဆက္ကရာမင်တို ရဲတပ်ဖွဲ့​၏ ထိန်း​သိမ်း​မှုကို ခံထား​ရပြီး​ သူမအတွက် အာမခံ​ပေး​ရန် ငြင်း​ဆိုထား​သည်။ သူမ၏ ၆ ပတ်အရွယ် က​လေး​ငယ်မှာ မိုက္ကရို​ဝေ့​ဗ် မီး​ဖိုအတွင်း​ ထည့်​ခံရပြီး​နောက် အပူ​ လောင် ဒဏ်ရာများ​ဖြင့်​ ​သေဆုံး​ခဲ့​ကြောင်း​ ရဲများ​က စစ်​ဆေး​တွေ့​ရှိရသည်။

မီရာဘယ်ဟု အမည်​ပေး​ထား​သော က​လေး​မ​လေး​သည် မတ်လအတွင်း​က ယန်း​၏ ​နေအိမ်တွင် အပူ​လောင် ဒဏ်ရာများ​ဖြင့်​ ​သေဆုံး​နေသည်ကို ​တွေ့​ရှိခဲ့​ရ​ကြောင်း​ ဆက္ကရာမင်တို ရဲတပ်ဖွဲ့​မှ ​ပြော​ ရေး​ဆိုခွင့်​ရ အရာရှိ ​နော်မ်လီယွန်က ​ပြောကြား​ခဲ့​သည်။ က​လေး​မ​လေး​၏ ခန္ဓာကိုယ် တစ်သျှူး​အချို့​သည် နက်နက်ရှိုင်း​ရှိုင်း​ ​လောင်ကျွမ်း​ ခြင်း​ ခံထား​ရ​ကြောင်း​ ရဲများ​က ရှာ​ဖွေ​တွေ့​ရှိခဲ့​သည်။

ယခု​တွေ့​ရှိခဲ့​သော က​လေး​အ​လောင်း​သည် မိမိမြင်ဖူး​သမျှအနက် အဆိုး​ရွား​ဆုံး​ ဟုလည်း​ လီယန်က ​ပြောဆိုသွား​သည်။ လီယန်က ယခင်က ဆက္ကရာမင်တို ရဲတပ်ဖွဲ့​ ရာဇဝင်တွင် က​လေး​များ​ကို မိုက္ကရို​ဝေ့​ဗ်အတွင်း​ ထည့်​သတ်ခဲ့​သည့်​ ပြစ်မှု ၃ ခုကို မှတ်တမ်း​တင်ထား​ခဲ့​ဖူး​ကြောင်း​ ရှင်း​ပြခဲ့​သည်။ ယင်း​အနက် ကံ​ကောင်း​သော က​လေး​တစ်ဦး​မှာ အသက်ရှင်ခဲ့​သည်။

ရဲများ​က ၃ လလုံး​လုံး​ အချိန်ယူ စုံစမ်း​မှုများ​ ပြုလုပ်ခဲ့​ပြီး​နောက် အလား​တူ ဖြစ်စဉ်များ​ကဲ့​သို့​ပင် မိခင်က က​လေး​ကို သတ်ရန် လုပ်​ဆောင်မှုအဖြစ် ဆုံး​ဖြတ်ပြီး​ အသက် ၂၉ နှစ်အရွယ် ယန်း​အား​ ဖမ်း​ဆီး​ခဲ့​ခြင်း​ဖြစ်သည်။ ယန်း​တွင် ​နောက်ထပ် အသက် ၅ နှစ်​အောက် က​လေး​ ၃ ဦး​ရှိ​နေ​သေး​ပြီး​ ယခုအခါ က​လေး​အား​လုံး​ကို မိဘမဲ့​က​လေး​ ​စောင့်​ရှောက်မှု ​ဂေဟာသို့​ ပို့​ပေး​ခဲ့​သည်။

က​လေး​များ​၏ ဖခင်ကိုမူ အတိအကျ မသိရ​သေး​ဟု ရဲများ​ကဆိုသည်။ လက်ရှိတွင် ယန်း​အား​ စိတ်​ဝေဒနာ ရှိမရှိ စစ်​ဆေး​မှုများ​ ပြုလုပ်​နေ​ကြောင်း​ သိရသည်။ ယန်း​အတွက် အမှုလိုက်​ပေး​မည့်​ ​ရှေ့​နေပင် မရှိ​ကြောင်း​လည်း​ လီယန်က ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here