သွား​နုတ်ရာမှ အာရုံ​ကြောပုံစံကွဲလွဲမှုဖြစ်သည့်​ အ​မေရိကန်အမျိုး​သမီး​

alt

အ​မေရိကန် အမျိုး​သမီး​ တစ်ဦး​သည် သွား​ဆရာဝန်ထံ သွား​ရောက်၍ သွား​အချို့​ အနုတ်ခံခဲ့​ပြီး​နောက် ​လေယူ​လေသိမ်း​ ​ပြောင်း​သွား​ကြောင်း​ သိရသည်။

Foreign Accent syndrome (FAS)​ခေါ် ရှား​ပါး​သည့်​ အာရုံ​ကြော ပုံစံကွဲလွဲမှု ဖြစ်စဉ်တစ်ခု​ကြောင့်​ သူမ၏ အသံသည် အိုင်း​ရစ်သံ ဝဲသွား​ခဲ့​သည်။ FASကို ၁၉၄၁ ခုနှစ်က ဒုတိယ ကမ္ဘာစစ်အတွင်း​ ​နော်​ဝေး​အမျိုး​သမီး​ တစ်ဦး​တွင် စတင်သတိပြုမိခဲ့​ပြီး​ ထိုကာလ​နောက်ပိုင်း​ FASအ​ခြေအ​နေ ကြံုဖူး​သူ ၁၀၀ ဝန်း​ကျင်သာ ရှိ​သေး​သည်။

ပို့​လန်း​တွင် ​နေထိုင်​သော ကာရန်ဘတ်တလာသည် သွား​ဆရာဝန်ထံမှ ပြန်လာပြီး​နောက် သွား​ဖုံး​များ​ ​ရောင်ရမ်း​နာကျင်ကာ အသံထွက် ​ပြောင်း​သွား​သည်ကို သတိပြုမိခဲ့​သည်။ ထိုအ​ကြောင်း​ ဆရာဝန်ကို ​ပြောပြ​သော်လည်း​ အနာသက်သာချိန်တွင် ပုံမှန်ပြန်ဖြစ်သွား​မည်ဟု ဆရာဝန်က နှစ်သိမ့်​ခဲ့​သည်။ သို့​သော်လည်း​ ကာရန်က သူမ၏ ​လေယူ​လေသိမ်း​မှာ ​ပြောင်း​လဲသွား​ခြင်း​ မရှိခဲ့​ဟု ​ပြောဆိုသွား​သည်။

ထို​နေ့​က သူမသည် အိပ်ရာဝင်ပြီး​ ​နောက်တစ်​နေ့​နံနက် နိုး​လာချိန်တွင် ​လေသံ​ပြောင်း​နေသည်ကို သိခဲ့​ကြောင်း​ ကာရန်က ​ပြောကြား​ခဲ့​သည်။ ​ရေဒီယို အသံလွှင့်​သူ တစ်ဦး​ဖြစ်​သော ကာရန်၏ အ​ပြောင်း​အလဲကို ပညာရှင်များ​က စစ်​ဆေး​ပြီး​နောက် FASအ​ခြေအ​နေဟု အတည်ပြုခဲ့​သည်။

ယင်း​သည် အာရုံ​ကြောများ​သို့​ သက်​ရောက်မှုအချို့​ကြောင့်​ ဖြစ်ရခြင်း​ဟု ပညာရှင်များ​က ကာရန်အား​ ရှင်း​ပြခဲ့​ပြီး​ သူမအ​နေနှင့်​ ​လေဖြတ်ခြင်း​ကဲ့​သို့​ ကိစ္စများ​ ကြံုရနိုင်​ကြောင်း​ သတိ​ပေး​ခဲ့​သည်။

FASအ​ခြေအ​နေမှ ယခင်​လေသံအတိုင်း​ ပြန်လည်​ပြောင်း​လဲသွား​သူများ​ ရှိခဲ့​ကြောင်း​ ​ဆေး​ပညာ မှတ်တမ်း​များ​တွင် ​ဖော်ပြထား​သော်လည်း​ အဆိုပါ အ​ခြေအ​နေ မည်သို့​သက်​ရောက် ဖြစ်​ပေါ်သည်ဆိုခြင်း​မှာ ယခုတိုင် ပ​ဟေဠိအဖြစ် ရှိ​နေဆဲဟု သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here