တရုတ်အမျိုး​သား​နှစ်ဦး​ အချင်း​ချင်း​ ဇနီး​အလဲအလှယ်လုပ်ကြ

alt

တရုတ်နိုင်ငံမှ အမျိုး​သား​ နှစ်ဦး​သည် ဇနီး​များ​ကို ကွာရှင်း​ပြီး​နောက် အချင်း​ချင်း​ ဇနီး​အလဲအလှယ်လုပ်ကာ ကျန်တစ်ဦး​၏ ဇနီး​နှင့်​ အပြန်အလှန် လက်ထပ်ခဲ့​ကြောင်း​ သိရသည်။

အသက် ၄၀ ​ကျော်အရွယ် ရှိကြ​သော လူ ၄ ဦး​တို့​သည် ယင်း​တို့​၏ ငယ်ချစ်ဦး​များ​နှင့်​ ကွဲကွာခဲ့​ရသည်။ ဟွာအင်း​မှ လင်ရှန်နှင့်​ လီလီတို့​သည် ငယ်ဘဝကတည်း​က ချစ်သူများ​ဖြစ်ခဲ့​သော်လည်း​ မိဘများ​၏ အတင်း​ခွဲမှု​ကြောင့်​ ​ဝေး​ကွာခဲ့​ရသည်။

လင်သည် ဇီဟွန်နှင့်​ လက်ထပ်ဖြစ်ခဲ့​ပြီး​ ဇီကိုယ်တိုင်မှာလည်း​ ဟွမ်ဂန်း​အား​ ချစ်လျက်နှင့်​ လက်လွှတ်ခဲ့​ရသည်။ ဟွမ်မှာ ဆင်း​ရဲနွမ်း​ပါး​သော​ကြောင့်​ ဇီ၏ မိဘများ​က သ​ဘောမတူခဲ့​ချေ။ ​နောက်ပိုင်း​တွင် ဟွမ်သည် ဇီ၏ ချစ်သူဖြစ်​သော လီလီနှင့်​ ​တွေ့​ဆုံကာ လက်ထပ်ဖြစ်သွား​သည်။ ယင်း​တို့​ ​လေး​ဦး​လုံး​သည် ငယ်ချစ်ဦး​များ​ကို အသီး​သီး​ မ​မေ့​နိုင်ဘဲ ဖြစ်​နေခဲ့​ကြသည်။

သို့​သော် ဆန်း​ကျယ်လှ​သော ကံကြမ္မာအရ ယင်း​တို့​သည် ချစ်သူများ​ အပြန်အလှန် လူလွဲပြီး​ လက်ထပ်ထား​ကြောင်း​ သိရှိလာပြီး​နောက် လင်မယား​ နှစ်စုံတွဲမှာ ငြိမ်း​ချမ်း​ပျော်ရွှင်စွာ ညှိနှိုင်း​ပြီး​ ငယ်ချစ်ဦး​ချင်း​ လက်ထပ်ခဲ့​ကြခြင်း​ဖြစ်သည်။

လွန်ခဲ့​သော နှစ် ၂၀ ခန့်​က ချစ်လျက်နှင့်​ ​ဝေး​ခဲ့​ရသူ စုံတွဲများ​သည် ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က လက်ရှိအိမ်​ထောင်များ​နှင့်​ ကွာရှင်း​ကာ အချင်း​ချင်း​ ပြန်လည်​ပေါင်း​ဖက်ပြီး​ တစ်ရက်ထဲတွင် လက်ထပ်ဖြစ်ခဲ့​ခြင်း​ဟု သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here