မြွေကိုက်ခံကာ ​သေ​ကြောင်း​ကြံသည့်​ အ​မေရိကန်အမျိုး​သမီး​

alt

အ​မေရိကန်နိုင်ငံမှ အမျိုး​သမီး​ကြီး​ တစ်ဦး​သည် မိမိကိုယ်ကိုယ် ​မြွေကိုက်ခံပြီး​ ထူး​ထူး​ခြား​ခြား​ ​သေ​ကြောင်း​ကြံသွား​ကြောင်း​ သိရသည်။

နယူး​ယောက်တွင် ​နေထိုင်​သော အသက် ၅၆ နှစ်အရွယ် အလီတာ စ​တေစီသည် အဆိပ်ပြင်း​သော အာဖရိက မမ်ဘာ ​မြွေ​ပွေး​တစ်​ကောင် ကိုက်ခဲမှု​ကြောင့်​ ​သေဆုံး​နေသည်ကို ရဲများ​က ​တွေ့​ရှိခဲ့​သည်။ ထို​မြွေ၏ အဆိပ်သည် စ​တေစီ၏ အသက်ကို မိနစ် ၂၀ အတွင်း​ နှုတ်ယူသွား​ခြင်း​ဖြစ်သည်။

စ​တေစီသည် ​မြွေများ​ကို ​မွေး​မြူထား​သူ တစ်ဦး​ဖြစ်ရာ မ​တော်တဆ လွတ်လာ​သော ​မြွေတစ်​ကောင်က သူမကို ကိုက်သတ်ခဲ့​ခြင်း​ ဖြစ်နိုင်သည်ဟု ရဲများ​က ယူဆခဲ့​သေး​သည်။

သို့​သော်လည်း​ စ​တေစီမှာ ​မြွေကိုက်ခံရချိန်တွင် အကူအညီ ​တောင်း​ခံနိုင်သည့်​ အ​ခြေအ​နေ ရှိ​သော်လည်း​ ယင်း​သို့​ မပြုလုပ်ခဲ့​ခြင်း​က သူမကိုယ်ကိုယ် သက်​သေမှု ဖြစ်နိုင်သည်ဟု ရဲများ​အား​ ​ကောက်ချက်ချ​စေခဲ့​သည်။

စ​တေစီ၏ မိတ်​ဆွေများ​ကလည်း​ ထိုအမျိုး​သမီး​သည် စိတ်ညစ်စရာများ​ ကြံု​နေရ​ကြောင်း​ ထွက်ဆိုခဲ့​သည်။ သူမသည် ​နေအိမ်တွင် ​မြွေ ရ၅ ​ကောင်ကို ​မွေး​မြူထား​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here