အာဆင်နယ်တိုက်စစ်မှူး​ဘန်တနာအား​ ​ခေါ်ယူမည်ဆိုမှုအား​ စပို့​တင်း​လစ္စဘွန်း​ငြင်း​ဆို

alt

အာဆင်နယ် တိုက်စစ်မှူး​ နစ်ကလက်စ် ဘန်တနာအား​ ​ခေါ်ယူမည်ဆို​သော သတင်း​များ​ကို ​ပေါ်တူဂီကလပ် စပို့​တင်း​ လစ္စဘွန်း​က ငြင်း​ဆိုလိုက်သည်။

ပရီး​မီး​ယား​လိဂ် ကလပ်အသင်း​မှ ထွက်ခွာရန် ပြင်ဆင်​နေ​သော ဘန်တနာကို မိမိတို့​ ​ခေါ်ယူရန် အစီအစဉ် မရှိ​ကြောင်း​ စပို့​တင်း​က ​ကြေညာခဲ့​သည်။ ဒိန်း​မတ် လက်​ရွေး​စင် ဘန်တနာ၏ ဖခင်က မိမိ၏သား​ကို စပို့​တင်း​က ချိတ်ဆက်​နေ​ကြောင်း​ ​ဖော်ထုတ်​ပြောကြား​လိုက်ပြီး​နောက် ​ပေါ်တူဂီ ကလပ်ဖက်က ယခုလို ​ကြေညာချက် ထုတ်ပြန်ခဲ့​ခြင်း​ဖြစ်သည်။

ဘန်တနာကို ဂျာမန်ချန်ပီယံ ကလပ်အသင်း​ ဘိုရပ်ရှား​ ​ဒေါ့​တ်မန်ကလည်း​ စိတ်ဝင်စား​နေ​ကြောင်း​ သိရသည်။ ဘန်တနာသည် ပြီး​ခဲ့​သည့်​ ​ဘောလုံး​ရာသီ အကုန်ကတည်း​က လန်ဒန် အ​ခြေစိုက် ကလပ်ကို စွန့်​ခွာ​တော့​မည်ဟု ​ပြောဆိုထား​ခဲ့​သည်။ အာဆင်နယ်က ဘန်တနာအတွက် ​ပြောင်း​ရွှေ့​ကြေး​ကို ​ပေါင်စတာလင် ၁၂ သန်း​ထိ ​ဈေး​ခေါ်ထား​သည်။

သို့​သော်လည်း​ ​ဒေါ့​တ်မန် အသင်း​အ​နေနှင့်​ ထို​ဈေး​နှုန်း​အတိုင်း​ ​ပေး​ချေဖွယ် မရှိ​ချေ။ အာဆင်နယ်သည် ပြင်သစ်ချန်ပီယံ လီလီမှ အိုင်ဗရီကို့​စ် တိုက်စစ်မှူး​ ဂါဗင်ဟိုအား​ စာချုပ်​ခေါ်ယူရန် သ​ဘောတူညီမှု ရရှိထား​ပြီး​ဖြစ်ရာ ဘန်တနာအ​နေနှင့်​ အသင်း​မှ ကျိန်း​သေ​ပေါက် ထွက်ခွာရန် နီး​စပ်လျက်ရှိသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here