အခ​ကြေး​ငွေဖြင့်​ လိင်အလုပ်အ​ကြွေး​ပြုခြင်း​အား​ တရား​ဝင်သတ်မှတ်ရန် ကူဝိတ်တွင် ​တောင်း​ဆို

alt

ကူဝိတ်တွင် အမျိုး​သမီး​ နိုင်ငံ​ရေး​သမား​ တစ်ဦး​က အခ​ကြေး​ငွေဖြင့်​ လိင်အလုပ်အ​ကျွေး​ ပြုမှုကို တရား​ဝင် သတ်မှတ်​ပေး​ရန် စည်း​ရုံး​ဆော်ဩလျက်ရှိသည်။

ဆယ်ဝါအယ်မူတိုင်ရီက အခ​ကြေး​ငွေဖြင့်​ လိင်အလုပ်အ​ကျွေး​ပြုမှု လုပ်ငန်း​သာ တရား​ဝင် ဖြစ်လာပါက အိမ်​ထောင်​ရေး​ ​ဖောက်ပြန်မှုများ​ကို တား​ဆီး​နိုင်မည်ဟုဆိုသည်။ ကူဝိတ်တိုင်း​မ် သတင်း​စာနှင့်​ အင်တာဗျူး​တွင် ထိုလုပ်ငန်း​ကို အစိုး​ရက ခွင့်​ပြု​ပေး​ခဲ့​မည်ဆိုလျင် ချမ်း​သာကြွယ်ဝ​သော ကူဝိတ်မိသား​စုများ​မှ အမျိုး​သား​များ​သည် အိမ်​ထောင်​ရေး​ ​ဖောက်ပြန်မှုများ​ ပြုလ်ုပ​တော့​မည် မဟုတ်ဟု ​ပြောကြား​ခဲ့​သည်။

သူမက အီရတ်တွင် သက္ကရာဇ် ရ၈၆ မှ ၈၀၉ ခုနှစ်ထိ အုပ်စိုး​ခဲ့​သော ဟာရွန်အယ် ရာရှစ်၏ ​မောင်း​မအမျိုး​သမီး​ အ​ခြွေအရံ ​ထောင်နှင့်​ချီ ရှိခြင်း​ကို အကိုး​အကား​ပြုပြီး​ လိင်အလုပ်အ​ကျွေး​ပြုမှု လုပ်ငန်း​အတွက် မရှက်သင့်​ကြောင်း​၊​ ယသ်း​သည် အစ္စလာမ် ဘာသာ​ရေး​စည်း​မျဉ်း​ဖြစ်သည့်​ ရှာရီရာ ဥပ​ဒေကို ​ဖောက်ဖျက်ရာ မကျ​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

သူမက ထိုစည်း​ရုံး​မှုကို ပြည်သူအများ​ အာရုံစိုက် ​ထောက်ခံလာရန် ကြိုး​ပမ်း​နေ​သော်လည်း​ သူမ၏ Twitterစာမျက်နှာတွင် ပြင်း​ထန်​သော ​ဝေဖန်ရှုတ်ချမှုများ​ ခံ​နေရသည်။ သူမသည် အမျိုး​သမီး​များ​အား​ သိက္ခာချ​နေသူဟု တစ်ဦး​က တိုက်ခိုက်​ရေး​သား​ခဲ့​သည်။ အခြား​တစ်ဦး​က ဆယ်ဝါသာ ထိုလုပ်ငန်း​ကို ကိုယ်တိုင်လုပ်ကိုင်ဖြစ်လျှင် မည်သို့​ပြောမည်ကို သိချင်​ကြောင်း​ ခပ်​ထေ့​ထေ့​ ​ရေး​သား​ခဲ့​သည်။

ဆယ်ဝါကမူ သူမအတွက် ​ဝေဖန်မှုများ​က စိတ်အ​နှောင့်​အယှက် မဖြစ်​စေ​ကြောင်း​၊​ အ​ပြောင်း​အလဲအတွက် ​တောင်း​ဆိုမှုတိုင်း​တွင် အဟန့်​အတား​ ရှိတတ်​ကြောင်း​ ​ပြောဆိုခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here