ပဲရစ်ဟီတန်နှင့်​ ကိုင်ဝိတ်တို့​ လမ်း​ခွဲလိုက်ပြီဟုဆို

alt

နှစ်နှင့်​ချီ​အောင် အတူတွဲ​နေခဲ့​ပြီး​နောက် ပဲရစ်ဟီတန်နှင့်​ ကိုင်ဝိတ်တို့​ လမ်း​ခွဲလိုက်ပြီဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။

ဟီတန်တို့​ စုံတွဲနှင့်​ နီး​စပ်သူများ​က လမ်း​ခွဲမှု သတင်း​ကို People မဂ္ဂဇင်း​သို့​ ​ပြောကြား​ခဲ့​သည်။ ယင်း​တို့​နှစ်ဦး​ လမ်း​ခွဲလိုက်ပြီဖြစ်​ကြောင်း​၊​ ထိုကိစ္စသည် နှစ်ဦး​လုံး​အတွက် စိတ်ထိခိုက်စရာ ဖြစ်ခဲ့​ကြောင်း​၊​ ဟီတန်သည် ကိ်ုအား​ အ​ကောင်း​ဆုံး​ လက်တွဲ​ဖော် တစ်ဦး​အဖြစ် မှတ်ယူထား​သော်လည်း​ အ​ခြေအ​နေ အရပ်ရပ်​ကြောင့်​ နှစ်ဦး​အတူ ​ရှေ့​ဆက်ရမည့်​ လမ်း​ကြောင်း​မှာ ခက်ခဲလွန်း​ကြောင်း​ ဟီတန်၏ သူငယ်ချင်း​များ​က ​ပြောကြား​ခဲ့​သည်။

ဟီတန်၏ TV Show တစ်ခုဖြစ်သည့်​ The World According to Parisတွင် ဟိုတယ်အ​မွေခံ သန်း​ကြွယ်သူ​ဌေး​မ​လေး​က သူမ၏ ချစ်သူ ကိုင်အား​ ရိုက်နှက်​နေ​သော ပုံရိပ်များ​ ထည့်​သွင်း​ပြသခဲ့​ပြီး​နောက် ယင်း​တို့​နှစ်ဦး​ကြား​ အ​ခြေအ​နေ တင်း​မာမှုများ​ စတင်ဖြစ်​ပေါ်လာသည်ဟု သတင်း​များ​က ​ဖော်ပြခဲ့​သည်။

ကိုင်သည် ဟီတန်နှင့်​ ချစ်ကြိုက်​နေစဉ်အတွင်း​ ကိုကင်း​လက်ဝယ် ​တွေ့​ရှိမှုဖြင့်​ အတူတကွ အဖမ်း​ခံရဖူး​သလို ဟီတန်၏ ​နေအိမ်ကို ကျူး​ကျော်လာသူ တစ်ဦး​နှင့်​လည်း​ ထိုး​ကြိတ်တိုက်ခိုက်ခဲ့​ရဖူး​သည်။ ဟီတန်၏ ကိုယ်​ရေး​အရာရှိကမူ သူမနှင့်​ ကိုင်တို့​ လမ်း​ခွဲမှု သတင်း​ကို အတည်ပြုခြင်း​၊​ ငြင်း​ဆန်ခြင်း​ မရှိ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here