အစအ​နောက်သန်သည့်​ မိန်း​က​လေး​အုပ်စု​ကြောင့်​ အ​မေရိကန်ရဲများ​ အလုပ်ရှုပ်

alt

အ​မေရိကန်နိုင်ငံ အန်း​ဖီး​ရှိ ရဲများ​သည် လူတစ်ဦး​က ဖုန်း​ဆက်တိုင်ကြား​မှု​ကြောင့်​ ဘီကနီဝတ် ​မြေဖုတ်ဘီလူး​မ​လေး​များ​အား​ သွား​ရောက်စစ်​ဆေး​ခဲ့​ရသည်။

မက်သူဆန်လမ်း​မှ လူတစ်ဦး​သည် ဇွန်လ ၅ ရက်​နေ့​က အိမ်တံခါး​မှ ​ခေါင်း​လောင်း​မြည်လာသဖြင့်​ သွား​ဖွင့်​ကြည့်​ရာ ဘီကီနီဝတ်ထား​သော ဖုတ်ဘီလူး​မ​လေး​များ​အား​ ​တွေ့​ခဲ့​ရခြင်း​ဖြစ်သည်။ အမျိုး​သမီး​ ၁၅ ဦး​ခန့်​သည် ဘီကီနီ​လေး​များ​ ဝတ်ဆင်ကာ မျက်နှာကို အလွန်အရုပ်ဆိုး​စွာ မိတ်ကပ်ခြယ်ထား​ခြင်း​ဖြစ်သည်။

သူမတို့​သည် Facebookမှ Pageတစ်ခုဖြစ်သည့်​ The Year of the Deathအတွက် ဓာတ်ပုံစု အရိုက်ခံခဲ့​ခြင်း​ဖြစ်ပြီး​ အနီး​အနား​ရှိ အိမ်များ​သို့​ လိုက်လံကျီစယ် ​ခြောက်လှန့်​ခဲ့​ခြင်း​ဖြစ်သည်။ မိန်း​က​လေး​များ​၏ ​နောက်​ပြောင်မှုကို ထိတ်လန့်​သွား​သူက ရဲထံသို့​ မ​ကျေမနပ် တိုင်ကြား​ခဲ့​ခြင်း​ဖြစ်​ကြောင်း​ ဟတ်ဖို့​ကောနတ် သတင်း​စာက ​ဖော်ပြခဲ့​သည်။

ရဲများ​သည် မိန်း​က​လေး​များ​ကို ထိုသို့​ဆက်မလုပ်ရန် လိုက်လံတား​မြစ်ခဲ့​ရသည်။ မိန်း​က​လေး​များ​က သူမတို့​သည် Calendar တစ်ခုအတွက် ဓာတ်ပုံအရိုက်ခံရန် အတူတကွ ထို​နေရာသို့​ ​ရောက်ရှိ​နေခြင်း​ဟု ရဲများ​အား​ ​ပြောပြခဲ့​ကြောင်း​ သိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here