ရီး​ယဲလ်ကွင်း​လယ်ကစား​သမား​ ဖာနန်ဒိုဂါဂိုအား​ လီဗာပူး​လ်​ခေါ်ယူရန်နီး​စပ်

alt

လီဗာပူး​လ် အသင်း​သည် ရီး​ယဲလ်မက်ဒရစ် ကွင်း​လယ်ကစား​သမား​ ဖာနန်ဒိုဂါဂိုအား​ ​ခေါ်ယူရန် နီး​စပ်​နေ​ကြောင်း​ သိရသည်။

ရီး​ယဲလ်တွင် ပုံမှန်ပွဲထွက်ခွင့်​ ​ပျောက်ဆုံး​ပြီး​ အသင်း​မှ ထွက်ခွာရန် ပြင်ဆင်​နေသည့်​ ဂါဂိုအား​ လီဗာပူး​လ်က ချိတ်ဆက်လျက်ရှိ​နေသည်။ ရီး​ယဲလ် နည်း​ပြချုပ် ဂျို့​စ်​မော်ရင်ဟိုသည် အသက်(၂၅)နှစ်ရှိ ဂါဂိုအား​ အသင်း​တွင် အနာဂတ် မရှိ​တော့​ဟု ​ပြောဆိုထား​ပြီး​ဖြစ်သည်။ ကွင်း​လယ်ခံစစ် ကစား​သမား​၏ ​အေး​ဂျင့်​ မာဆယ်လို လွမ်ဘီလာက လီဗာပူး​လ် ဒါရိုက်တာ ဒါမိန်း​ ကိုမိုလီနှင့်​ အ​ပြောင်း​အ​ရွှေ့​ကိစ္စ ​ဆွေး​နွေး​ခဲ့​ကြောင်း​ ​ပြောဆိုသွား​သည်။

လီဗာပူး​လ်အ​နေနှင့်​ ဂါဂိုအား​ စိတ်ဝင်စား​နေသည်ကို အတည်ပြုခဲ့​ကြောင်း​၊​ ဂါဂိုကလည်း​ ပုံမှန်ပွဲထွက်ခွင့်​ရမည့်​ အသင်း​တစ်ခုကို ရှာ​ဖွေလျက်ရှိရာ ရီး​ယဲလ်ကို စွန့်​ခွာရန် စိတ်အား​ထက်သန်​နေ​ကြောင်း​ လွမ်ဘီလာက ဖွင့်​ဟခဲ့​သည်။

အာဂျင်တီး​နား​ ကစား​သမား​အတွက် ရီး​ယဲလ်က ​ပေါင်စတာလင် ၁၅ သန်း​မျှ အလိုရှိ​နေ​သော်လည်း​ လီဗာပူး​လ်က ​ပေါင်စတာလင် ၁၀ သန်း​ဝန်း​ကျင်ဖြင့်​ ကမ်း​လှမ်း​ဖွယ် ရှိ​နေသည်။

ယခင်ကလည်း​ အင်္ဂလန်ကလပ် အက်စ်တန်ဗီလာအ​နေနှင့်​ ဂါဂိုအား​ စိတ်ဝင်စား​မှု ပြသခဲ့​ကြောင်း​၊​ သို့​သော်လည်း​ လီဗာပူး​လ်က ပိုမိုအား​ထည့်​ ကြိုး​ပမ်း​ခဲ့​ကြောင်း​ လွမ်ဘီလာက ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here