ခြေထောက်​ပျက်စီးသွားသည့် အမေရိကန်စစ်သား ကုထုံးသစ်ဖြင့် ခြေထောက်​ပြန်လည်ကောင်းလာ

alt

အာဖဂန် နစ္စတန်တွင် တာဝန်ထမ်းဆောင်ရင်း ခြေထောက် ကြွက်သားများ ပျက်စီးသွားခဲ့သည့် အမေရိကန် စစ်သားတစ်ဦးအား စွန့်ဦးတီထွင်မှု ကုထုံးသစ်တစ်ခုဖြင့် ကုသပေးပြီးနောက် ကြွက်သားအသစ်များ ပြန်လည်တိုးပွားလာကြောင်း သိရှိရသည်။

မရိန်းစစ်သား အစ်ဆာအစ် ဟာနန်ဒက်သည် မော်တာကျည်တစ်ခု အနီးတွင် ကျရောက်ပေါက်ကွဲမှုကြောင့် ညာဖက်ပေါင်မှ ကြွက်သား ရ၀ ရာခိုင်နှုန်းမျှ ဆုံးရှုံးခဲ့ရသည်။ ယခုအခါ ၎င်းအား ဝက်၏ ဆီးအိမ်မှ ကြွက်သားဟိုမုန်းများ ထိုးသွင်းကုသပေးပြီးနောက် ပေါင်ရှိ ကြွက်သားများ တဖြည်းဖြည်း ပြန်လည်ပြည့်ဝလာသည်ကို ဝမ်းမြောက်ဖွယ်ရာ တွေ့ရှိခဲ့ရသည်။

မက်ဂေါ ပြန်လည်ထူထောင်ရေး ဆေးပညာ စင်တာမှ ကြွက်သား ဖွဲ့စည်းမှုဆိုင်ရာ ပညာရှင် စတီဖင် ဘက်လီလက်က ယခုတွေ့ရှိချက်သည် စံပြုလောက်သော အောင်မြင်မှု တစ်ခုဖြစ်ကြောင်း၊ ယခုအခါ ဟာနန်ဒက်သည် ၎င်း၏ ညာဖက်ခြေထောက်ကို အင်ပြည့်အားပြည့်နီးနီး စိတ်ကြိုက်လှုပ်ရှားနိုင်နေပြီ ဖြစ်ကြောင်း ပြောဆိုသွားသည်။ ခွဲစိတ်ဆရာဝန်များသည် extracellular matrixအမည်ရှိ ဟိုမုန်းအလွှာ တစ်ခုကို ဟာနန်ဒက်၏ ကြွက်သားများအတွင်း ထိုးသွင်းပေးခဲ့ပြီးနောက် အောင်မြင်မှုများ ရရှိခဲ့ခြင်းဖြစ်သည်။

ယခု ဆေးပညာ စမ်းသပ်ချက်ကို ဒေါ်လာ သန်း ရ၀ တန် ရန်ပုံငွေတစ်ရပ်ဖြင့် အထောက်အပံ့ ပေးခဲ့သည်။ ဟာနန်ဒက်သည် မော်တာကျည် ထိမှန်စဥ်က အသက် ၁၉ နှစ်သာ ရှိသေးသည်။ ၎င်းသည် ကံကောင်းထောက်မစွာဖြင့် TVတစ်လုံးကို သယ်ယူလာစဥ် မော်တာကျည် ကျရောက်ခဲ့ခြင်းဖြစ်ရာ ခန္ဓာကိုယ် အထက်ပိုင်းကို ဒိုင်းသဖွယ် ကာကွယ်ပြီးသား ဖြစ်ခဲ့ကြောင်း သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here