လစ်ဗျား​တွင် NATO တိုက်ခိုက်မှုတစ်ခုအတွင်း​ အရပ်သား​များ​သေဆုံး​

alt

လစ်ဗျား​အစိုး​ရက NATOစစ်မဟာမိတ် တပ်ဖွဲ့​၏ တိုက်​လေယာဉ်များ​ ဗုံး​ကြဲမှုအတွင်း​ အရပ်သား​များ​ ​သေဆုံး​ကြောင်း​ ​ကြေညာချက် ထုတ်ပြန်လိုက်သည်။

NATOကလည်း​ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကုန်က ထရီပိုလီမြို့​ကို ဗုံး​ကြဲတိုက်ခိုက်ခဲ့​သော ထိုး​စစ်အတွင်း​ အရပ်သား​များ​ ​သေဆုံး​ခဲ့​ကြောင်း​ ဝန်ခံ​ပြောကြား​ခဲ့​သည်။ NATOတပ်ဖွဲ့​ ​ပြော​ရေး​ဆိုခွင့်​ရ ပုဂ္ဂိုလ်တစ်ဦး​က လက်နက်စနစ် ချွတ်ယွင်း​ချက်​ကြောင့်​ ဒုံး​ကျည်တစ်စင်း​သည် လူ​နေအိမ် တစ်ခုအား​ တိုက်ရိုက်ထိမှန် ​ပေါက်ကွဲခဲ့​ခြင်း​အတွက် စိတ်မ​ကောင်း​ ဖြစ်မိ​ကြောင်း​ ​ပြောဆိုသွား​သည်။

လစ်ဗျား​အစိုး​ရသည် ဒုံး​ကျည်ထိမှန်ခဲ့​သော အိမ်သို့​ သတင်း​ထောက်များ​ကို ​ခေါ်ယူပြသခဲ့​သလို က​လေး​တစ်ဦး​ အပါအဝင် အ​လောင်း​ ၃ ခုကိုလည်း​ ပြသခဲ့​သည်။ ယင်း​ရုပ်အ​လောင်း​များ​သည် ဒုံး​ကျည်ထိမှန်ရာမှ ​သေဆုံး​သူ ၉ ဦး​အနက်တွင် အပါအဝင်ဖြစ်​ကြောင်း​ လစ်ဗျား​အာဏာပိုင်များ​ကဆိုသည်။ လစ်ဗျား​ နိုင်ငံခြား​ရေး​ ဝန်ကြီး​ အက်ဘဒူအယ် အိုဘီဒီက ဇွန်လ ၂၀ ရက်​နေ့​ နံနက်အ​စောပိုင်း​က NATOတပ်ဖွဲ့​မှ ပစ်လွှတ်လိုက်​သော ဒုံး​ကျည်တစ်စင်း​ အရပ်ဖက် ​နေအိမ်တစ်လုံး​ကို တိုက်ရိုက်ထိမှန်ခြင်း​ဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

NATOတို့​က ယခုဒုံး​ကျည် ပစ်ခတ်ခဲ့​သည့်​ ​လေယာဉ်မှာ မည်သည့်​နိုင်ငံ စစ်တပ်မှ ဖြစ်သည်ကို ထုတ်​ဖော်​ပြောဆိုရန် ငြင်း​ဆန်ထား​သည်။ လစ်ဗျား​ ကျန်း​မာ​ရေး​ ဝန်ကြီး​ဌာနက မတ်လအတွင်း​ NATOတို့​၏ ​လေ​ကြောင်း​ထိုး​စစ် စတင်ခဲ့​ပြီး​သည့်​နောက် လစ်ဗျား​ပြည်သူ ၈၀၀ ​ကျော် ​သေဆုံး​ကြောင်း​ ​ပြောဆိုထား​ခဲ့​သည်။ သို့​သော်လည်း​ အဆိုပါ ကိန်း​ဂဏန်း​အတွက် တိတိကျကျ သက်​သေပြနိုင်ခြင်း​ မရှိ​ကြောင်း​လည်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here