ဘုရား​ကျောင်း​တွင် လိင်ဆက်ဆံမှု​ကြောင့်​ စုံတွဲတစ်တွဲအဖမ်း​ခံရ

alt

​နော်​ဝေး​နိုင်ငံတွင် ဘုရား​ကျောင်း​ တစ်ခုသို့​ သွား​ရောက်ပြီး​ လိင်ဆက်ဆံမှု​ကြောင့်​ စုံတွဲတစ်တွဲ အဖမ်း​ခံလိုက်ရ​ကြောင်း​ သိရသည်။ ​

အော်စလိုမြို့​တွင် ပတ်ဝန်း​ကျင် ထိန်း​သိမ်း​ရေး​ လှုပ်ရှား​မှု ဝါဒီများ​ဟုဆို​သော စုံတွဲတစ်တွဲသည် ဘုရား​ကျောင်း​ ကြမ်း​ပြင်တွင် အဝတ်များ​ ချွတ်ချပြီး​ အချင်း​ချင်း​ နမ်း​ရှုပ်ခဲ့​ကြသည်။ ၎င်းတို့​က F**k for Forest’s အဖွဲ့​အတွက် လှုပ်ရှား​မှုတစ်ခု ပြုလုပ်​နေခြင်း​ဟု ​ကြွေး​ကြော်ကာ အံ့​ဩ​နေ​သော လူအများ​ရှေ့​တွင်ပင် လိင်ဆက်ဆံခဲ့​ကြသည်။

သို့​သော်လည်း​ ဘုရား​ကျောင်း​မှ တရား​ဟောဆရာ တစ်ဦး​က ရဲများ​ကို ဖုန်း​ဆက်​ခေါ်လိုက်ပြီး​နောက် ယင်း​တို့​နှစ်ဦး​မှာ လူခွဲထိန်း​သိမ်း​ ခံလိုက်ရသည်။ အဆိုပါ အဖွဲ့​အတွင်း​တွင်ပင် ပါဝင်ပြီး​ ဖြစ်စဉ်ကို ဓာတ်ပုံရိုက်​နေသူ တစ်ဦး​မှာလည်း​ အဖမ်း​ခံခဲ့​ရသည်။ ယင်း​တို့​သုံး​ဦး​အား​ ရဲများ​က ဒဏ်​ငွေရိုက်ပြီး​ ပြန်လွှတ်​ပေး​ခဲ့​သည်။

မိမိတို့​အ​နေနှင့်​ ၎င်းတို့​အား​ အမြင့်​ဆုံး​ ​ထောင်ဒဏ် ၁၆ ရက်ထိ ပြစ်ဒဏ်ချမှတ်ခံနိုင်​ကြောင်း​လည်း​ ရဲများ​က ​ပြောဆိုခဲ့​သည်ဟု အဖွဲ့​ထဲမှ တစ်ဦး​ကဆိုသည်။ သို့​သော်လည်း​ လိင်မဆက်ဆံရဘဲ ထိုမျှ​လောက် ကြာကြာမ​နေနိုင်သဖြင့်​ ဒဏ်​ငွေ​ဆောင်ရန် ဆုံး​ဖြတ်လိုက်​ကြောင်း​လည်း​ ယင်း​က ​ပြောဆိုသွား​ခဲ့​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here