အက်ရှ်တန်ကက်ချာနှင့်​ Victoria’s Secret ​မော်ဒယ်တို့​ ဓာတ်ပုံတွဲရိုက်မှုက ဒယ်မီုး​အတွက် သဝန်တိုစရာဖြစ်

alt

အက်ရှတန် ကက်ချာနှင့် Victoria’s Secret ​မော်ဒယ်နှင့်​ ဓာတ်ပုံအရိုက်ခံမှုသည် ဒယ်မီမိုး​အတွက် သဝန်တိုစရာ ဖြစ်လိမ့်​မည်ဟု အတင်း​အဖျင်း​ သတင်း​များ​က ​ဖော်ပြခဲ့​ကြသည်။

Victoria’s Secret၏ ပင်တိုင်​မော်ဒယ် တစ်ဦး​ဖြစ်​သော အလက်ဇန်ဒရာ အမ်ဘရိုစီယိုသည် အ​ပေါ်ပိုင်း​ ဗလာကျင်း​လျက် ကက်ချာနှင့်​တွဲပြီး​ ကိုယ်ဟန်ပြ ဓာတ်ပုံအရိုက်ခံခဲ့​ခြင်း​ဖြစ်သည်။ အသက် ၃၃ နှစ်ရှိ ကက်ချာသည် ရှက်ကိုး​ရှက်ကန်း​ ဖြစ်​နေဟန် ရှိ​သော်လည်း​ အမ်ဘရိုစီယိုမှာ သူမ၏ အသက်​မွေး​ အလုပ်အတွက် သက်​သောင့်​သက်သာပင် ရှိ​နေ​ကြောင်း​ သိရသည်။

မင်း​သမီး​ဟောင်း​ ဒယ်မီမိုး​၏ ခင်ပွန်း​ဖြစ်သူ Two and A Half Manစတား​ မင်း​သား​သည် ဘရာဇီး​နိုင်ငံ အင်ပါနီမာမြို့​ရှိ မိုး​ပျံတိုက် တစ်ခု​ပေါ်တွင် အမ်ဘရိုစီယိုနှင့်​အတူ ဘရာဇီး​ အဝတ်အထည် ကုမ္ပဏီ Colcciအတွက် ​ကြော်ငြာဓာတ်ပုံ အရိုက်ခံခဲ့​ခြင်း​ဖြစ်သည်။

အသက် ၃၀ အရွယ် အမ်ဘရိုစီယိုသည် Victoria’s Secret ​မော်ဒယ်များ​အနက် Hotအဖြစ်ဆုံး​ အမျိုး​သမီး​ တစ်ဦး​အဖြစ် သတ်မှတ်ခြင်း​ ခံထား​ရသူဖြစ်သည်။ ကက်ချာသည် ​ကြော်ငြာရိုက်ကွင်း​ အပြီး​တွင် စိတ်လက်​ပေါ့​ပါး​ သွား​ဟန်ဖြင့်​ ကမ်း​ခြေသို့​ သွား​ရောက်ကာ သက်​သောင့်​သက်သာ အနား​ယူခဲ့​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here