တရုတ်တွင် ​ခွေး​သား​စာမှုကို ရှုတ်ချသူများ​ ​ဒေါသထွက်စရာ ပိုဖြစ်လာ

alt

တရုတ်နိုင်ငံတွင် ​ခွေး​သား​စား​မှုကို ရှုတ်ချ​နေသူများ​အတွက် ​ဒေါသထွက်စရာ ကိစ္စတစ်ခု ထွက်​ပေါ်လာခံသည်။

ဂွမ်ဇူး​မှ အမျိုး​သမီး​ တစ်ဦး​သည် ​ခွေး​ပေါက်​လေး​ တစ်​ကောင်အား​ အရှင်လတ်လတ် မီး​ကင်​နေသည့်​ ဓာတ်ပုံများ​ အင်တာနက်တွင် ပျံ့​နှံ့​လာပြီး​နောက် အင်တာနက် သုံး​စွဲသူများ​က ​ဒေါသတကြီး​ ​ဝေဖန်ခဲ့​ကြသည်။ ဂွမ်ဇူး​ရှိ ​ဈေး​တစ်ခုအနီး​တွင် ယင်း​အမျိုး​သမီး​သည် ​ခွေး​လေး​ကို လည်ပင်း​မှ ညှပ်ကာ အရှင်လတ်လတ် မီး​ကင်​နေခြင်း​ဖြစ်သည်။ အဆိုပါ မြင်ကွင်း​ကို နံ​ဘေး​တွင် က​လေး​များ​ အပါအဝင် လူများ​က ရပ်ကြည့်​နေသည်ဟုလည်း​ သိရသည်။

အင်တာနက်မှ တိရစ္ဆာန် အခွင့်​အ​ရေး​ ​တောင်း​ဆိုသူများ​က ယင်း​အမျိုး​သမီး​ကို အမည်​ဖော်ထုတ်ကာ အပြစ်​ပေး​ရန် တိုက်တွန်း​လျက်ရှိကြသည်။ အချို့​ကလည်း​ ယခုလုပ်ရပ်သည် ​ခွေး​သား​စား​ရန်ထက် ယုတ်မာ​သော လူမဆန်သည့်​ ကိစ္စဖြစ်​ကြောင်း​ ​ပြောကြား​ခဲ့​ကြသည်။

တရုတ်တွင် အချို့​က အမျိုး​သား​များ​ လိင်စွမ်း​အင် ​လျော့​ကျခြင်း​ကဲ့​သို့​ ​ဝေဒနာများ​ကို ကုသနိုင်သည်ဟု ယုံကြည်ကာ တိုင်း​ရင်း​ဆေး​ဝါး​ တစ်ခုအဖြစ် သ​ဘောထား​ စား​သောက်​နေ​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here