ဖခင်ဖြစ်သူအား ပုဆိန်ဖြင့်​ ခုတ်သတ်သည့်​ အ​မေရိကန် ဆယ်​ကျော်သက်

alt

အ​မေရိကန် ဆယ်​ကျော်သက် တစ်ဦး​သည် ဖခင်ဖြစ်သူအား​ ပုဆိန်ဖြင့်​ ခုတ်သတ်ခဲ့​ကြောင်း​ သိရသည်။

သူမသည် လူမှု​ရေး​ လုံခြံုမှု ​ငွေ​ကြေး​အ​ထောက်အပံ့​ ရရှိရန် ရည်ရွယ်ပြီး​ ဖခင်ဖြစ်သူ အိပ်စက်​နေချိန်တွင် သမီး​ဖြစ်​သော ဂွီနီဗာရာ ဟူဒနယ်က သတ်ဖြတ်ပစ်ခဲ့​ခြင်း​ဟု ​ရှေ့​နေများ​က ​ပြောကြား​ခဲ့​သည်။ အသက် ၁၉ နှစ်ရှိ ဟူဒနယ်သည် ထို​ငွေဖြင့်​ မိခင်ဖြစ်သူအား​ ​ထောက်ပံ့​ရန် ရည်ရွယ်ခဲ့​ကြောင်း​ ဖ​လော်ရီဒါ တရား​ရုံး​ကဆိုသည်။ ဟူဒနယ်နှင့်​ သူမ၏မိခင် စတက်ဖနီတို့​သည် အသက် ၅၁ နှစ်ရှိ ဝီလျံဟူဒနယ်ကို ပူး​ပေါင်း​ကြံစည် သတ်ဖြတ်မှုဖြင့်​ တရား​စွဲ ခံထား​ရသည်။

ဟူဒနယ်သည် ဝီလျံ၏ ​နေအိမ်သို့​ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်ကမှ ​ရောက်ရှိလာခြင်း​ဖြစ်သည်။ ထို့​နောက် ဖခင်ဖြစ်သူ အိပ်​ပျော်ချိန်တွင် သတ်ဖြတ်ခဲ့​ခြင်း​ဖြစ်သည်။ ရဲတပ်ဖွဲ့​မှ စုံ​ထောက်အရာရှိ ဆန်ဒရာမိုင်း​ရက်က ဟူဒနယ်သည် ဝီလျံ ​သေ​လောက်သည်အထိ ​သေချာ​အောင် ပုဆိန်ဖြင့်​ ခုတ်သတ်ခဲ့​ကြောင်း​ ​ပြောကြား​ခဲ့​သည်။

ထို့​နောက် သူမသည် ဝီလျံအား​ ​ဖောက်ထွင်း​ဝင်​ရောက်သူ တစ်ဦး​ဦး​က သတ်ဖြတ်သည့်​ပုံစံ ဖန်တီး​ကာ မုဆိုး​မဖြစ်သွား​သည့်​ မိခင်အတွက် ​ထောက်ပံ့​ကြေး​ ရရှိရန် ကြံစည်ခဲ့​ခြင်း​ဖြစ်သည်။ သူမသည် ဖခင်အား​ သတ်ဖြတ်ပြီး​နောက် စတက်ဖနီထံ ကား​မောင်း​ပြီး​ ပြန်သွား​ခဲ့​သေး​သည်။ သို့​သော်လည်း​ ​နောက်ပိုင်း​တွင် ရဲများ​က သား​အမိ နှစ်ဦး​လုံး​ကို ဖမ်း​ဆီး​ပြီး​ လူသတ်မှုဖြင့်​ စွဲချက်တင်ထား​လိုက်​ကြောင်း​ သိရှိရသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here