Playboy ပိုင်ရှင် ဟုဂျ်ဟက်ဖနာနှင့် ခရစ်စတယ်တို့ လက်ထပ်မည့် အစီအစဉ်ဖျက်သိမ်း

alt

ဟုဂျ်ဟက်ဖနာနှင့် ခရစ်စတယ် ဟားရစ်တို့ လက်ထပ်မည့် အစီအစဉ်ကို ဖျက်သိမ်းလိုက်ပြီဖြစ်သည်။

Playboy မဂ္ဂဇင်းပိုင်ရှင် သန်းကြွယ်သူဌေးကြီး ဟက်ဖနာနှင့် Playboyမော်ဒယ် တစ်ဦးဖြစ်သော ခရစ်စတယ်တို့သည် လက်ထပ်ရန် စီစဉ်ထားသည်မှာ ရက်ပိုင်းသာ လိုတော့သည်။ သို့သော်လည်း ခရစ်စတယ်က အခြေအနေ အရပ်ရပ်ကြောင့် ဟက်ဖနာနှင့် စေ့စပ်ထားမှုအား ဖျက်သိမ်းလိုက်ကြောင်း သတင်းထောက်များအား အတည်ပြု ပြောကြားခဲ့သည်။

ဟက်ဖနာအား မိမိအနေနှင့် ရိုသေလေးစားမှု အပြည့်ရှိကြောင်း၊ ၎င်းအနေနှင့် အကောင်းဆုံး ရှေ့ဆက်နိုင်ရန် မျှော်လင့်ဆုတောင်းပေးကြောင်း၊ မီဒီယာများ အနေနှင့်လည်း လက်ရှိတွင် မိမိတို့၏ ကိုယ်ရေးကိုယ်တာပိုင်းကို လေးစားပေးမည်ဟု မျှော်လင့်ကြောင်းလည်း ခရစ်စတယ်က ပြောဆိုသွားသည်။

TMZသတင်းစာက ခရစ်စတယ်သည် ဂီတဖက် အာရုံစိုက်ပြီး ၀င်ငွေပိုမို ရှာဖွေလိုခြင်းကြောင့် ဟက်ဖနာနှင့် လက်ထပ်ရန် ကိစ္စကို စိတ်ပြောင်းသွားခြင်းဟု ဖော်ပြခဲ့သည်။ ဟက်ဖနာနှင့် လက်ထပ်ခြင်း မပြုပါက ဂီတဖက်တွင် ပိုမိုအောင်မြင်ရန် အခွင့်အလမ်းများမည်ဟု ခရစ်စတယ်က ယုံကြည်ခဲ့ကြောင်း သူမနှင့် နီးစပ်သူများက ပြောကြားခဲ့သည်။

သူမအနေနှင့် ဟက်ဖနာ၏ ပုံမှန်ထောက်ပံ့ကြေးမျှလောက်ဖြင့် မတင်းတိမ် မပျော်ရွှင်နိုင်ကြောင်းလည်း ခရစ်စတယ်၏ သူငယ်ချင်းများက ပြောဆိုသွားသည်။

LEAVE A REPLY

Please enter your comment!
Please enter your name here