ထိုင်ဝမ်ဘုန်း​​တော်ကြီး​က ​နောက်လိုက်​တစ်ဦး​အား​ ​သေသည်အ​ထိရိုက်နှက်

alt

ထိုင်ဝမ်တွင် ဘုန်း​တော်ကြီး​ တစ်ပါး​က ​နောက်လိုက်တစ်ဦး​ကို ​သေသည်အထိ ရိုက်နှက်ခဲ့​ကြောင်း​ သိရသည်။

ဆိုင်ဟုသာ အမည်​ဖော်ပြပြီး​ ဘွဲ့​အမည် ယင်ရူ​ခေါ် ဘုန်း​တော်ကြီး​အား​ ထိုင်ဝမ်ရဲတပ်ဖွဲ့​က ဖမ်း​ဆီး​ခဲ့​သည်။ ၎င်းသည် ဘုရား​ကျောင်း​တစ်ခု အပြင်ဖက်တွင် လူတစ်ဦး​အား​ အ​သေသတ်ခဲ့​ကြောင်း​ ရဲများ​ကဆိုသည်။ ဆိုင်သည် ​လောင်း​ကစား​နှင့်​ မူး​ယစ်​ဆေး​ဝါး​ ပြစ်မှုများ​နှင့်​လည်း​ ယှက်နွယ်​နေ​ကြောင်း​ သိရသည်။

ကိုဆွန်း​ရှိ ဒါဂူအန်ဆို​သော ဘုရား​ကျောင်း​တစ်ခုမှ ဘုန်း​တော်ကြီး​ ဇင်ကွန်း​ဆိုသူထံ သွား​ရောက်ခဲ့​ပြီး​ အပြန်တွင် လူသတ်မှု ကျူး​လွန်မိခဲ့​ခြင်း​ဖြစ်သည်။ ပြီး​ခဲ့​သည့်​ သီတင်း​ပတ်က ဒါဂူအန် ဘုရား​ကျောင်း​မှ ပြန်အထွက်တွင် ဆိုင်သည် ​နောက်လိုက်အချို့​နှင့်​အတူ လက်ဖက်ရည် ​သောက်​နေခဲ့​သည်။

၎င်း၏ ​ပြောစကား​များ​တွင် ရိုင်း​စိုင်း​သော အသုံး​အနှုန်း​များ​ ပါ​နေရာ အသက် ၃၂ နှစ်ရှိ ပန်ရှီ​ဝေဆိုသူ တစ်ဦး​က ဘုန်း​တော်ကြီး​ဖြစ်လျက်နှင့်​ ထိုသို့​အောက်တန်း​ကျ​သော စကား​များ​ မည်သည့်​အတွက်​ကြောင့်​ သုံး​နှုန်း​နေရသနည်း​ဟု ​မေး​မြန်း​ခဲ့​သည်။ ထိုအခါ ဆိုင်က ​ဒေါသတကြီး​ဖြင့်​ ဆူပူဆဲဆိုပြီး​နောက် အပြန်အလှန် ရန်ဖြစ်ခဲ့​ကြသည်။

ဘုန်း​တော်ကြီး​ ဇင်ကွန်း​သည် အသံဗလံများ​ကြောင့်​ အပြင်ထွက်လာပြီး​ ဆိုင်အား​ ပန်ကို ဆက်မရိုက်ရန် တား​မြစ်ခဲ့​သည်။ သို့​သော်လည်း​ ထိုအချိန်တွင် ပန်မှာ အသက်ကုန်​နေပြီဖြစ်​ကြောင်း​လည်း​ ရဲများ​က ​ပြောဆိုသွား​သည်။

LEAVE A REPLY

Please enter your comment!
Please enter your name here